သုတ pov:
ကျွန်တော့်ကို သခင်က မနက်ကြရင် သူ့အဘိုးကို သွားကြိုဖို့ လိုက်ခဲ့ရန်ပြောတော့ ကျွန်တော်ငြင်းလိုက်တယ်။ ဘာလို့ဆို ကျွန်တော့်မိဘတွေက ကျွန်တော့်နဲ့ ဖြိုး ချစ်သူ ဖြစ်နေကြတာကို သိသွားလို့ ဖြိုး ကို တွေ့ချင်တယ်ဆိုလို့ ကျွန်တော် ညကတည်းက ဖြိုး ကို အကြောင်းကြားပြီးသားပါ။ ဖြိုး က ၉ နာရီရောက်အောင်လာခဲ့မယ်တဲ့။ ဖေနဲ့မေ ခွင့်ပြုကြ ပါလို့ ကျွန်တော် ဆုတောင်းနေရတာ အမောဘဲ။ဖြိုး pov:
မနေ့ည က ကျွန်တော့် အချစ်ကလေးက phဆက်တော့် သူ့မိဘတွေက တွေ့ချင်လို့တဲ့။ ကျွန်တော်က သူ့တို့ သတ်ခဲ့တဲ့ လူနဲ့ သားမှန်းသိရင် ကျွန်တော်တို့ကို ခွဲကြမလား။ ကျွန်တော် သူ့ကို မစွန့်လွှတ်နိုင်ဘူး။ သူမရှိရင် ကျွန်တော့် ဘဝဆိုတာလည်း ရှိမှာ မဟုတ်တော့ဘူး။ ကျွန်တော် သုတို့အိမ်ရောက်နေတာ မနက် ၉ နာရီ ထဲကပါ။ သုတ ဖေဖေက အခုထိဘာမှမပြောတေးဘူး။ ၁၅ မိနစ်လောက်နေမှ သုတမေမေက စကားစပြောတယ်။သု မေမေ. " မင်းနဲ့ အန်တီသားနဲ့ ချစ်သူတွေဆို။ဟုတ်လား။"
ဖြိုး "ဟုတ်ပါတယ်။အန်တီ ကျွန်တော်တို့ နောက်လဆို ၅ လပြည့်တော့မှာပါ။"
သု ဖေဖေ " မင်းမိဘ တွေကဘယ်သူလည်း။ဘယ်ကလည်း။"
ဖြိုး "ကျွန်တော်က D&W Cosmetic Company ရဲ့ အမွှေဆက်ခံသူပါ။ မိဘ၂ပါးကတော့မရှိတော့ပါဘူး။ ဖေဖေ အမည်က ဦးရာဇာ + မေမေက ဒေါ်နှင်းနွယ်ပါ။"
သုဖေဖေ. " ဘာ!!!!!!! မင်းက "ကျွန်တော့် ဖေဖေနဲ့မေမေအမည်ပြောလိုက်တော့ ဦးမင်းသုတတို့ ဇနီးမောင်နှံ မျက်နှာပျက်သွားတာတွေ့လိုက်တယ်။ သုတကတော့ အံ့သြနေတယ်။ အံ့သြဆို ကျွန်တော်က ဘုန်းကြီးကျောင်းသားလို့ ပြောထားတာကို။ ကျွန်တော့် အချစ်ကလေးကို စိတ်ထဲ ကနေဘဲတောင်းပန်လိုက်တော့တယ်။ "I'm sorry my baby"