သခင် pov:
ကျွန်တော်တို့ ပြင်ဦးလွင်မြို့အဝင် ဓာတ်ဆီဆိုင်နားက ViewConner ဆိုင်မှာ ညစာဝင်စားကြပြီး။ ကျွန်တော့အဘိုးမွေးနေ့လက်ဆောင် ပေးထားတဲ့ အိမ်ကြီးဆီဘဲ။တန်းသွားလိုက်ကြတယ်။ ဟိုရောက်တော့ တစ်ယောက်တခန်းဆီယူပြီးအနားယူကြတော့တယ်။တစ်ယောက်တစ်ခန်းဆိုပေးမယ့် သုနဲ့ဖြိုးကတော့ ၂ယောက်တစ်ခန်းပေါ့။ကျွန်တော့်လည်း ရေမိုးချိုးပြီး အိပ်လိုက်တော့တယ်။"အိမ်မက်ထဲမှာ ကလေးနဲ့ တွေ့ပါရစေ။"
(နေသခင် မသိလိုက်တာက သူအိမ်နဲ့မျက်နှာချင်းဆိုင်အိမ်က လရောင်သွေး ရဲ့ အိမ်ဆိုတာဘဲ။မသိဆိုတာက သူ့လူတွေက မှားပြောမိတာပေါ့။မမမေအိမ်ကို အရင်ဝင်ပြီးမှာ သွေးတို့က ဖေဖေ ကားနဲ့ပြန်လိုက်ခဲ့လို့ကို။)သွေး pov:
ကျွန်တော်တော်တော်နဲ့ အိပ်ပျော်ဘူးဗျာ။ မမကမြန်မာပြည်ကို အပြီးပြန်လာတာမဟုတ်ဘူးတဲ့။ ကျွန်တော် ဘယ်လိုလုပ်ရမလည်း။မမကိုဖွင့်ပြောသင့်လား။မမမုန်းသွားမလား။မသိတော့ဘူးဗျာ။ ကျွန်တော်မမကို အရမ်းချစ်တာဘဲ သိတယ်။ မမအကြောင်းတွေးနေရင်း မျက်လုံးထဲ ဟိုလူကြီးပုံပေါ်လာတယ်။ လေယာဉ်ကွင်းမှာ လူကိုကြည့်နေတဲ့အကြည့်က ကြောက်စရာကြီး။ ပြီးတော့ အတန်းထဲမှာ သူနမ်းခဲ့တာကို မျက်လုံးထဲပြန်မြင်လာတယ်။ ကျွန်တော်သတိမထားမိမှာတင် လက်က နှုတ်ခမ်းပေါ်ရောက်နေတယ်။ကျွန်တော် ခေါင်းကို ခါရမ်းလိုက်ပြီး အိပ်ပျော်အောင်မနည်းကြိုးစားရတယ်။ ဘေးမှာအိပ်နေတဲ့ငထက်ကိုကြည့်လိုက်တော့ အိမ်မက်ထဲ ဘယ်သူနဲ့ကြည်နူးနေလည်းမသိဘူး။ မျက်နှာက ပြုံးနေတာဘဲ။တော်တော်အိပ်နိုင်တဲ့ကောင်ဘဲ။တလမ်းလုံးလည်းအိပ်လိုက်တာ။ဆင်တတ်နင်းတောင် နိုးမယ်မထင်ဘူး။ကျွန်တော်လည်း ဘာမှမတွေးတော့်ဘဲ အိပ်ပျော်အောင် အိပ်လိုက်တော့တယ်။ အိမ်မက်ထဲမှာတောင် ဟိုလူကြီးရုပ်က ပါလာသေးတယ်။
KAMU SEDANG MEMBACA
အရမ်းမုန်းသော်လည်း....ချစ်ခဲ့သည်
Fiksi Penggemarကြိုက်ကြမယ်လို့ထင်ပါတယ်