အရမ်းမုန်း​သော်​လည်း.....ချစ်​ခဲ့သည်​ အပိုင်း(၈)

2.3K 113 0
                                    

သုတ pov :
ကျွန်​​တော်​တို့ ​သခင့်​အိမ်​​ရောက်​​တော့ ကျွန်​​တော်​နဲ့ ကို က တစ်​ခန်းထဲ အတူတူဘဲ ​နေကြတယ်​။ ကို က လန်းသွား​အောင်​ ​ရေချိုးမယ်​ဆိုပြီး ​ရေချိုးခန်းထဲ ဝင်​သွားတယ်​။ ကို ​ရေချိုးပြီး ဝတ်​ဖို့ အတွက်​ ညအိပ်​ဝတ်​ဆုံ​လေး ထုတ်​ထား​ပေးလိုက်​တယ်​။ ၁၅ မိနစ်​​လောက်​​နေ​တော့ ကို ထွက်​လာခဲ့တယ်​။ အ​ပေါ်ပိုင်း ဗလာကျင်းနဲ့ ​အောက်​ပိုင်းက Towel တစ်​ခု တည်းဘဲ ရှိတယ်​။ ကို့ကို ကြည့်​လိုက်​​တော့ ပြုံးစိစိနဲ့။ အမြင်​ကတ်​လိုက်​တာ။ ငသု ​ရေ အဲ့တာ မင်းအမှားဘဲ။ ငါသိ​နေတယ်​​နော်​။ကျွန်​​တော်​ ကိုယ့်​ဘာသာ အ​တွေး​တွေ ရပ်​လိုက်​ပြီး ​ရေချိုးခန်းထဲ တန်းဝင်​သွားတယ်​။ ခုန်​​နေတဲ့ ရင်​ကိုလည်းဖိထားရတယ်​။ အသက်​ကိုဝဝရူသွင်းပြီး ခန​နေမှ ​ရေချိုးလိုက်​​တော့တယ်​။ ကျွန်​​တော်​​ရေချိုးခန်းထဲက ထွက်​လာ​တော့ ကိုယ်​က အိပ်​​ပျော်​​နေပြီ​လေ။ ကျွန်​​တော်​လည်း အဝတ်​အစားမြန်​မြန်​ဝတ်​ပြီး ကို့ ရဲ့ ​ဘေးနားမှာဘဲ ဝင်​လှဲလိုက်​တယ်​။ ပြင်​ဦးလွင်​ ​ဆောင်းက​တော်​​တော်​​အေးတယ်​ဗျာ။ ​ရေ​နွေးနဲ့ ချိုးတာ​တောင်​ ​ဒီ​လောက်​​အေးတာ။ရေ​အေးနဲ့ ဆိုရင်​ ​လေဖြတ်​​လောက်​တယ်​ဗျာ။ ကျွန်​​တော်​​တွေးရင်း အိပ်​မလို့ကြံခါမှ ကို့က ရုတ်​တရက်​ လှမ်းဖက်​ပြီး ကျွန်​​တော့်​ကို အ​ပေါ်က​နေ အုပ်​မိုးကြည့်​​နေတယ်​။ အမယ်​​လေး ရင်​​တွေ ခုန်​လိုက်​တာ။ ကို့မျက်​နှာက တဖြည်းဖြည်း ကျွန်​​တော့်​ မျက်​နှာနားကပ်​လာတယ်​။ ကို့က နဖူးကို စနမ်းတယ်​။ပြီး​တော့ ပါး၂ဖက်​ကိုနမ်းတယ်​။ပြီး​တော့ ​မေး​စေ့ကိုနမ်းတယ်​။ အနမ်း​တွေကို ခနရပ်​လိုက်​ပြီ ကျွန်​​တော်​ မျက်​လုံး​တွေကို ​သေချာ စိုက်​ကြည့်​ပြီး

ဖြိုး  "ချစ်​တယ်​ သု။ ကိုယ်​ကမ္ဘာမှာ သုကိုသာ အချစ်​ဆုံးဘဲ။ သု ကို့ကို ထားမသွားရဘူး​နော်​။အချစ်​က​လေး"

သု  "သု လည်း ကို့ကို အရမ်းချစ်​တယ်​။ ကိုလည်း သု့ကို ထားမသွားရဘူး​နော်​။"ကျွန်​​တော်​စကားလုံးဆုံး​ရော ကိုက ကျွန်​​တော့်​ အ​ပေါ်နှုတ်​ခမ်းပါး​လေးကို တစ်​လှည့်​ ​အောက်​နှုတ်​ခမ်းပါး​လေးကို တစ်​လှည့်​ ဆီ နမ်း​နေတယ်​။ ကျွန်​​တော်​လည်း ကို့ကို ဖက်​သွယ်​ရင်း ကို့အနမ်း​တွေကို ပြန်​လည်​ တုံ့ပြန်​​ပေးလိုက်​တယ်​။ အနမ်း​တွေက တဖြည်းဖြည်း အနမ်း​တွေ ကြမ်းလာပြီး  ကို ​ခေါ်​ဆောင်​ အချစ်​ကမ္ဘာဆီသို့ အလည်​​ရောက်​သွား​​တော့သည်​။(သာသာ ဘာမှမသိဘူး​နော်​🙈🙈🙈)

အရမ်းမုန်း​သော်​လည်း....ချစ်​ခဲ့သည်​Tempat cerita menjadi hidup. Temukan sekarang