2

5.5K 381 23
                                    

Zawgyi

အတိတ်ဘဝက အကြောင်းအမျိုးမျိုးကြောင့် မင်းနဲ့ ကွေကွင်းရစေအုံးတော့ ဒီဘဝမှာ အဲ့အဖြစ်မျိုးနှင့် ထပ်မကြုံချင်။

ကိုယ့်အတွက် ရဲရင့်ပေးပါ။

တွဲထားတဲ့ ကိုယ့်လက်ကို ဘယ်တော့မှ မလွှတ်လိုက်ပါနဲ့ ကလေးငယ်။

------------------------------------------------------

အထိန်းတော်ဂင် တစ်ယောက် ဝတ်ရုံကြီး တစ်ကားကားနှင့် အိမ်ရှေ့စံရဲ့ အခန်းရှေ့မှာ လူးလားခေါက်တုန့်။

ခေါင်းတွင်ဆောင်းထားသော ဦးထုပ်အတွင်းမှ တစ်စွန်းတစ်စ ကျနေသော ဆံနွယ်ဖြူ ဖြူ ။

ဥပဓိ ရုပ်ကို ကြည့်ခြင်းအားဖြင့် ကြည်လင်ပြီး မာန်ပါသော မျက်နှာကြောင့် အသက်အရွယ်နှင့် မလိုက်ဖက်စွာ ကျန်းမာပြီး ဉာဏ်ပညာမြင့်မားသူ တစ်ယောက်ဖြစ်မည်ဆိုတာ ဧကန်မလွှဲပင်။

ဘေးမှာရှိတဲ့ အထိန်တော် အငယ်နှစ်ယောက်ဖြစ်တဲ့ Moon နဲ့ Hyun ကလည်း တံခါးဘေးတစ်ဖက်တစ်ချက်မှာ ခေါင်းတွေငုံ့ပြီး မျက်နှာတွေက ခပ်ငယ်ငယ်။

"အိမ်ရှေ့စံ အခုထိ မနိုးသေးဘူးလား......''

"မနိုးသေးဘူး အထိန်းတော်ကြီး.....''

"ညက နန်းတော် အပြင်ဘက်ခိုးထွက်သေးတယ်မှတ်လား....''

ခေါင်းကို အတင်းငုံ့ချလိုက်တဲ့ ထိုနှစ်ယောက်ကိုကြည့်ပြီး အထိန်းတော်ဂင် တစ်ယောက် သူပြောတာမှန်နေသည်ဆိုတာ သိလိုက်သည်။

"Moon နဲ့ Hyun ငါ့ကို မလိမ်နဲ့.....မင်းတို့ကို မင်းသားနားမှာ ထားတယ်ဆိုတာ မင်းသားကို စောင့်ရှောက်ဖို့.....သူ့ကို မြှောက်ပင့်ပြီး အလိုလိုက် အကြိုက်ဆောင်ခိုင်းနေတာ မဟုတ်ဘူး.....''

"Moon လည်းတာပါသေးတယ် အထိန်းတော်ကြီး.....မင်းသားက သူနန်းတော်အပြင် မထွက်ရရင် တစ်ညလုံး သေရေတွေသောက်ပြီး သောင်းကျန်းမယ်ပြောလို့....''

"တော်တော့ ဘာဆင်ခြေမှ မကြားချင်ဘူး.....Hyun မင်းလည်းအတူတူပဲ.....''

ထိုစဉ် အခန်းတံခါး ပွင့်လာသံနှင့်အတူ အိပ်ချင်မူးတူးနဲ့ ထွက်လာသော အိမ်ရှေ့စံ။

Kiss of EdenDonde viven las historias. Descúbrelo ahora