22

1.2K 113 21
                                    

Zawgyi

မွန်းကြပ်ရှုပ်ထွေးတဲ့ မြို့ပြရဲ့လူနေမှုရပ်ကွက်ကိုထားခဲ့ပြီးတစ်ချို့ညနေခင်းတွေမှာ သူဒီနေရာကိုလာလေ့ရှိသည်၊ မြို့ပြရဲ့အငွေ့အသက်တွေကို အိုက်စက်စက်ရှူရှိုက်စရာမလိုတဲ့နေရာလေး၊ ကောင်းကင်ကိုမြင်ရတယ်၊ လေညင်းကိုရှူရှိုက်လို့ရတယ်၊ ငှက်ကလေးတွေကိုငေးကြည့်လို့ရတယ်၊ အရင်အချိန်တွေက ကလေးငယ်နှင့်သုံးလေးခေါက်လောက်လာဖူးပေမယ့် အခုတော့သူတစ်ယောက်တည်းလာဖြစ်တာတော်တော်ကြာပြီဖြစ်သည်။

ရှုပ်ထွေးပွေလီနေတဲ့အလုပ်တွေကြားမွန်းကြပ်လာရင် ဒီနေရာလေးကိုသာသူအမြဲလာဖြစ်သည်၊ ဒီနေ့အလုပ်ကစောစောထွက်လာပြီး ဒီကိုသူရောက်တာညနေပျိုးချိန်လေးမှာပင်ဖြစ်သည်၊ ညနေခင်းရဲ့ရသဟာ လွင့်လွင့်ကလေးနဲ့လှနေတယ်လို့ခံစားရပြီး ထိုအချိန်မှာတိုက်ခတ်တဲ့​လေပြေညင်းကိုလည်း သူသဘောကျသည်။

ဖုန်းမြည်သံကြောင့်ထုတ်ကိုင်လိုက်တော့ Min Joon.....

"ဆရာ အိမ်မှာလည်းမရှိလို့ ကျွန်တော်ဖုန်းဆက်လိုက်တာ.......''

"ဘာကိစ္စလဲ........ ''

"သူဌေး Yoo က ရှယ်ယာတွေထုတ်လိုက်တဲ့ကိစ္စကို သိပ်အခဲမကြေဘူးဆရာ.......''

"အဲ့ဒီတော့ ငါက ဘာလုပ်ပေးရမှာလဲ...... ရှေးရိုးစွဲကြောက်ရွံ့နေတဲ့လူတွေနဲ့ငါအလုပ်ဆက်မလုပ်နိုင်ဘူး.......အခဲမကြေဘူးဆိုလည်း ငါနဲ့ညှိရင်ငါရှင်းမယ်......မင်းပူနေစရာမလိုဘူး!.......''

ခုဏကြည်လင်နေတဲ့စိတ်တွေက Min Joon ကြောင့်တကယ်ကို ပျက်ပြားသွားခဲ့ရသည်၊ စိတ်တိုနေတဲ့အချိန်စကားအကောင်းလည်းမထွက်တော့၊ သူ့အကြောင့်ကိုသိနေတဲ့ Min Joon ကတော့ တစ်ဖက်ကနေအသံတိတ်သွားပြီး ဖုန်းတော့မချသေးဘဲသူ့စကားကိုစောင့်နေပုံရသည်။

"ရပြီဖုန်းချလိုက်တော့.......ဒီနေ့ရုံးခွဲကမန်နေရဂျာကို ငါပြောခိုင်းတဲ့အတိုင်းပြောခဲ့တယ်မှတ်လား.......''

"ပြောခဲ့တယ်ဆရာ.....ထုတ်ကုန်နှစ်ဆအတွက်က ဝန်ထမ်းအင်အားထပ်တိုးပေးဖို့သူ့ဘက်ကတောင်းတယ်.......''

"ရတယ် ငါအဆင်ပြေအောင်စီစဉ်ပေးမယ်......မင်းလည်းအိမ်ပြန်တော့လေ....ကုမ္ပဏီမှာဘဲ ညအိပ်မလို့လား.......''

Kiss of EdenOnde histórias criam vida. Descubra agora