Zawgyi
Jung Kook မျက်လုံးဖွင့်ဖွင့်ချင်းမှာ သူယခုအိပ်စက်နေတဲ့အိပ်ယာဟာ သူနဲ့စိမ်းသက်နေမှန်းကိုသိလိုက်သည်၊ ပြီးတော့မွှေးရနံ့တစ်ခုက ရေးမွှေးနံ့လိုစူးရှရှနဲ့ စွဲဆောင်မှုရှိတဲ့ရနံ့မျိုး။
"Jeon သတိရလာပြီလား........''
သူ့ကိုမေးလိုက်သံနှင့်အတူအသံရှင်ကိုကြည့်မိတော့ Kim Tae Hyung ၊ သူ့အခုရောက်နေတာကလည်း Kim Tae Hyung ရဲ့အိပ်ယာပေါ်မှာ၊ ညကအဖြစ်အပျက်တွေကို ခပ်တွေတွေနဲ့စဉ်းစားကြည့်မိသည်၊ အလုပ်မလုပ်တော့တဲ့ဦးနှောက်က တစ်ညတာအဖြစ်အပျက်တွေအားလုံးကိုမေ့ပျောက်အောင်လုပ်လိုက်သည်ထင်ပ၊ ဘာဆိုဘာမှ မှတ်မိခြင်းမရှိတော့။
"အ!......"
အားယူကာထလိုက်ပေမယ့် အခြေအနေမဟန်တဲ့ကိုယ်က ယိုင်နဲ့စွာဖြင့် ခေါင်းကိုလက်ဖနောင့်နဲ့အသာထောက်လိုက်ရင်းမှ ပြန်ယိုင်ကျသွားသည်၊လည်ချောင်းတွေလည်းပူနေသလို မျက်လုံးတွေကပါ မျက်ရည်ပူတွေကျပြီး စိတ်သွားတိုင်းခန္ဓာကိုယ်က အလိုမလိုက်။
"သိပ်မလှုပ်နဲ့လေ......ညက မင်ဖျားတာတော်ရုံမဟုတ်ဘူး....ကိုယ်အရမ်းပြာသွားခဲ့တာ......ဒီကြားထဲအဖွားမရှိတော့ပိုဆိုးတာပေါ့.......''
Tae Hyung က Jung Kook ကုတင်ဘေးကို အသာဝင်ထိုင်းရင်း နဖူးပေါ်လက်ကို ခပ်ဖွဖွတင်ကာ အပူတိုင်းရင်းမှပြောလာသည်၊ သူ့ရဲ့ Jeon က ရှေ့ဘဝတုန်းကလိုပဲ နည်းနည်းလေးမှကို အထိခိုက်မခံနိုင်တဲ့ လူသားလေးပဲ၊ ထိခိုက်လွယ်တယ်၊ကြွေလွယ်တဲ့ ပန်းလေးတစ်ပွင့်အတိုင်းပဲ။
"အစ်ကိုကို ဒုက္ခပေးမိပြီး......''
"ရပါတယ်...အဖွားက ဘယ်တော့ပြန်လာမလဲ.......''
"အဖွားက သုံးရက်လောက်တော့ကြာအုံးမယ်ထင်တယ်.....''
တိုးဖျဖျနှုတ်ဖျားက ထွက်ပေါ်လာတဲ့ စကားသံလေးက တစ်စက်မှ အားရဖွယ်မရှိ၊ မနေ့က သူအိပ်ယာဝင်နောက်ကျတာကိုပင် တော်သေးသည်ဟုပြောရမည်၊ အဖျားတွေတက်ပြီး အိပ်ယာထဲမှာ ကယောင်ကတမ်းဖြစ်နေတဲ့ကောင်လေးဟာ သူ့စိုးရိမ်ပူပန်မှုတွေကို ထပ်ဆင့်ကဲအပူပေးလိုက်သလိုပါပဲ။

YOU ARE READING
Kiss of Eden
FanfictionKim Tae Hyung ? Kim Seok Jin ? Jeon Jung Kook ? taekook (yaoi) Start - March 23,2018