18

1.3K 147 47
                                    

Zawgyi



"ပုန်​ကန်​သူ​တွေ နန်းတွင်းကို ဝင်​လာပြီ​ဟေ့!!...."

တစ်​ခဏ အတွင်းမှာပင်​ နန်းတွင်းစစ်​သည်​များ အ​တော်​များများကျရှုံကုန်​သည်​။

"Lee အမတ်​ကြီး ဦး​ဆောင်​တဲ့ ပုန်​ကန်​သူ​တွေ နန်းတွင်းကို ဝင်​လာကြပြီ.......''

"​တောက်​!!...."

အိမ်​​ရှေ့စံရဲ့ ခံပြင်းလွန်းလှတဲ့ တက်​​ခေါက်​သံက ခပ်​ကျယ်​ကျယ်​။

တစ်​ခဏအတွင်းမှာပင်​ စစ်​​မြေပြင်​ကဲ့သို့ ဖြစ်​သွား​သော နန်းရင်​ပြင်​က ​သွေး​ချောင်းစီးလျှက်​။

ဤနန်းရင်​ပြင်​သည်​ ယမန်​​နေ့က ​အေးချမ်းသာယာ ဖြစ်​ခဲ့သည်​ဆိုခြင်းကိုပင်​ မယုံနိုင်​စရာဖြစ်​​နေသည်​။

ရဲမတ်​တို့၏ ​အော်​ဟစ်​သံ ​ကြွေး​ကြော်​သံတို့ဖြင့်​ ဆူညံလျှက်​။

လေမုန်​တိုင်းတစ်​ခုလို ရုတ်​ခြည်း ဝင်​​ရောက်​လာ​သော ပုန်​ကန်​သူ​တွေ​ကြောင့်​ နန်းတွင်းရဲမက်​များသည်​ သစ်​ရွက်​​ခြောက်​များပမာ ကစဉ်းကလျားဖြစ်​​နေသည်​။

ဓားသွားချင်းထိခတ်​သံ ရဲမတ်​တို့၏ ​အော်​ဟစ်​​ကြွေး​ကြော်​သံ​တွေကြား အိမ်​​ရှေ့စံသည်​ Jeon လက်​ကို ဆုပ်​ကိုင်​ထားရာမှ လွှတ်​​မြောက်​သွားပြီး တစ်​ဖြည်းဖြည်း လူချင်း​ဝေးကွာသွားခဲ့သည်​။

ထိုထက်​မူ ဘယ်​အရပ်​ဆီက ဝင်​လာသည်​မသိရ​သော မြားတံတစ်​​ချောင်းက အိမ်​​ရှေ့စံ၏ ဝဲဘက်​လက်​​မောင်းရင်းဆီသို့ တည့်​တည့်​မှတ်​မှတ်​။

သို့​ပေမယ့်​ ရန်​သူကို ပြန်​တိုက်​ခိုက်​ရင်း အိမ်​​ရှေ့စံ၏ စိုးရိမ်​ပူပန်​မှုများသည်​က Jeon ဆို​သော လူသား​လေးဆီသို့ပင်​။

မြားသွားမှ အဆိပ်​သည်​သူ့ကို ဒုက္ခမ​ပေးနိုင်​​စေကာမူ ချွန်​မြ​သောသံမဏိမြားသွားကမူ သူ့လက်​​မောင်းရင်းကို ​သွေးချင်းချင်း နီရဲ​စေသည်​။

"Jeon!!......''

ရန်​သူများကြား မထိုး​ဖောက်​နိုင်​​ပေမယ့်​ ဟိန်းထွက်​သွား​သော ​အော်​သံစူးစူးနှင့်​ အိမ်​​ရှေ့စံသည်​ အ​ရှေ့မှ အတားအဆီးမှန်​သမျှကို ​ဆောင်​ဓားရှည်​နှင့်​ ခုတ်​ပိုင်းလျှက်​ Jeon ဆို​သောအနှီလူသားထံသို့ တဟုန်​ထိုး​ပြေသည်​။

Kiss of EdenDonde viven las historias. Descúbrelo ahora