16

1.4K 161 38
                                    


Zawgyi

အနောက်ဘက်မှ ပြေးလိုက်လာသံသဲ့သဲ့ကြောင့် သူလှည့်ကြည့်မိသည်။

"Ji..?...."

"Joon မင်းဘာလုပ်နေတာလဲ.....ပုခုံးပေါ်က ကောင်လေးကရော.....''

Ji က တဖြည်းဖြည်း သူ့ကိုမှီအောင်ပြေးလာပြီး မေးသည်။

"Kim အမတ်ကြီးရဲ့သား.......''

"ဟေ!! ဘယ်လိုဖြစ်လာတာလဲ......''

သူ့ကျောပေါ်က ကောင်လေးကိုကြည့်ပြီး Ji က ထပ်မေးပြန်သည်။

ထိုအခါမှ သူလည်းခေါင်းလေးကို စောင်းငဲ့ကြည့်လိုက်မိသည်။

"ဪ အိပ်တောင်ပျော်သွားပြီပဲ.......''

သူ့ပုခုံးပေါ်မေးလေးတင်ကာ ခေါင်းလေးစောင်းပြီး အိပ်ပျော်နေတဲ့ကောင်လေးကြောင့် ဘာရယ်မဟုတ် သူပြုံးမိသည်။

"ဟေ့ကောင် Joon ငါမေးတာဖြေအုံး......''

သူ့ကိုကြည့်ကာ စိတ်မရှည်ဟန်နှင့် Ji က ထပ်မေးပြန်သည်။

"နန်းလယ်ရကန်ထဲကျတာ....တော်သေးတာပေါ့ ငါတွေတာမြန်လို့......ငါကယ်ပြီး သူသတိရတော့မေးထားတာ......''

"ဟုတ်လား ဘယ်လိုပြုတ်ကျတာလဲ......ဟေ့ကောင် ဒါနဲ့နေပါအုံး သူ့ကိုငါမြင်ဘူးနေသလိုပဲ.......''

Ji က သူ့ကျောပေါ်ကကောင်လေးရဲ့မျက်နှာကို စူးစိုက်ကြည့်ရင်းမှ စဉ်းစားနေသည်။

Ji ပုံစံကိုကြည့်ပြီး သူဘာမှမပြောဘဲနှင့်သာ ပြုံပဲပြုံးနေလိုက်သည်။

ရေစိုထားသည့်အတွက်ကြောင့် အရင်တစ်ခေါက်မြင်ရတဲ့ ကောင်လေးရဲ့ ဆံနွယ်ရှည်ပျော့ပျော့တွေက ရေစက်တွေတွဲခိုနေသည်။

"ဟေ့ကောင် ဟုတ်တယ်မှတ်လား ငါတို့သူ့ကိုမြင်ဘူးပါတယ်......''

Ji က သူ့ပုခုံးကိုဆွဲကာ ထပ်ပြောပြန်သည်။

"Ji မင်းလုပ်တာနဲ့ ဒီကလေး အအေးပတ်တော့မှာပဲ.....သွားရအောင်.....''

သူပြောလိုက်တော့ Ji တစ်ယောက် ဘေးနားကနေတော့ ကပ်ပါလာသည်။

ဒါပေမယ့် ပါစပ်နဲ့ လက်ကတော့ လုံးဝအငြိမ်မနေ။

သူ့ကျောပေါ်က ကောင်းလေးကိုကြည့်လိုက် ပါးကိုဖျက်ခနဲဆွဲလိုက် တစ်ခုခုကို စဉ်းစားပြီး သူ့လက်မောင်းကို ထိုးလိုက်နှင့် ပါလာသည်။

Kiss of EdenTempat cerita menjadi hidup. Temukan sekarang