17

1.3K 153 63
                                    

Zawgyi

လေပြည်​နဲ့မုန်​တိုင်း

လေပြည်​ကိုချည်း ​မျှော်​လင့်​​နေစရာ မလိုပါဘူး

မုန်​တိုင်းမှာလည်း ​အောင်​စီဂျင်​ ပါနိုင်​တာပဲ​လေ......






---------------------------------------------------------


မိုး​ကောင်းကင်​က အုံ့မှိုင်းလျှက်​။

တိုက်​ခတ်​လာ​သော ​လေပြည်​ကလည်း သူ့ရဲ့ မွန်းကြပ်​​နေ​သော ရင်​တွင်းခံစားချက်​ကို ​ဖြေ​လျော့​ပေးနိုင်​စွမ်းကင်း​ဝေးလျှက်​ပင်​။

ခပ်​​ဝေး​ဝေးက ချယ်​ရီပွင့်​ဖက်​​တွေက​တော့ ​လေယူရာအတိုင်း​ကြွေလွင့်​လျှက်​။

မြူ​တွေလား နှင်း​တွေလား ​လေထဲမှာ အခိုးအမှုန်​တစ်​ချို့ ခပ်​ဝါးဝါး​မျော​ရွေ့​နေသည်​။

ဆောင်​ဓားရှည်​ကို​ဘေးမှာချပြီး သူသည်​လည်း မျက်​ခင်းနုနု​ပေါ် ငြိမ်​သက်​စွာ ထိုင်​​နေမိသည်​။

အိပ်​တန်းပြန်​ငှက်​​တွေက​တော့ ​လေကိုဆန်​ပြီး ​ကောင်းကင်​ကို ​တောင်​ပံခတ်​သွားကြသည်​။

နေလုံးက အဝါ​ရောင်​ရုန်းရုန်းထ​နေပြီး မကြာမီ တစ်​​နေ့ကုန်​​တော့မည်​။

မြိုသိပ်​ထားပါများ​တော့ မွန်းကြပ်​လှပြီ.....

မြင်​သာမြင်​မကြင်​ရတဲ့ဘဝက

ရှင်​​နေရက်​နဲ့ ​သေဆုံး​နေရတာလား

ဒါမှမဟုတ်​ အသက်​ရှင်​လျှက်​ ငရဲကျ​နေရသလိုလား....

လောကကို မာယာက ကိုက်​မြိုဝါးစား​နေသည်​။

အ​ဖော်​မဲ့သူတစ်​​ယောက်​အတွက်​ ခရီးသည်​ ရှည်​လျားလွန်းလှသည်​။

ချစ်​ရသူမသိ​အောင်​ ဟန်​​ဆောင်​ပြုံးရယ်​​နေရင်းက ​သောကကို ​မေ့​ဖျောက်​နိုင်​ရန်​ ကြိုးစားရအုံးမည်​။

သူသည်​လည်း ချစ်​ရသူကို အသက်​နှင့်​အမျှ ချစ်​​နေမိသူပဲ မဟုတ်​ပါလား။

လေအစုန်​မှာ သူ့ဆံနွယ်​ရှည်​​တွေက တသုန်​သုန်​လွင့်​​နေသည်​။

Kiss of EdenWhere stories live. Discover now