My Fangirl Intro

2.5K 118 7
                                    

"Ash ​ကျောင်း​နောက်​ကျပြန်​ပြီ....."
Yeri တစ်​​ယောက်​ အိပ်​ချင်​မူးတူးနဲ့ အိပ်​ရာကထကာ ​ရေချိုးခန်းထဲသို့ ​ပြေးဝင်​သွားသည်

ရေမချိုးဘဲ မျက်​နှာသစ်​ သွားတိုက်​ပြီး ​ရေချိုးခန်းထဲက ပြန်​ထွက်​လာသည်

ထို့​နောက်​ uniform အမြန်​၀တ်​ကာ ကား​သော့​ကို ​ကောက်​ယူပြီး ​ကျောင်းသို့အမြန်​​မောင်းလာသည်​။

"Ash Yeri yah....​ကျောင်း ​နောက်​မကျဖို့ ဆု​တောင်းရမယ်​.....ညက alarm​ပေးဖို့ ​မေ့သွားတာ ခံစမ်း....."
Yeri ကား​မောင်းရင်း ကိုယ့်​ကိုယ်​ကို အပြစ်​တင်​လိုက်​သည်​။

စိတ်​ထဲက stress​တွေ ​ဖြေ​လျော့ဖို့ ဖုန်းထဲက သီချင်းတစ်​ပုဒ်​ကို ဖွင့်​လိုက်​သည်

🎶Make me love you...🎶

"Taeyeon unnie.. ..."
Taeyeonရဲ့ အသံကို ကြား​တော့ Yeri ပြုံးမိသွားတယ်​ ....

Yeri ဆိုတဲ့ က​လေးမ​လေးဟာ Taeyeonရဲ့ Fan girl အကြီးစားတစ်​​ယောက်​ပါ ....Taeyeonရဲ့ ရုပ်​ရည်​....အသံ....အရည်​အချင်း အရာအားလုံးဟာ Yeriအတွက်​​တော့ ပြည့်​စုံလွန်းသည်​ ....

Taeyeon ရဲ့ သီချင်း​တွေ နား​ထောင်​ရင်း ​ကျောင်းကို မည်​သို့​ရောက်​လာလည်းမသိလိုက်​.....​ကျောင်း​ရှေ့​ရောက်​​တော့ ​ကျောင်းတံခါးက ပိတ်​ထားတာကို ​တွေ့လိုက်​ရသည်

"What! တံခါးက ဘာလို့ ပိတ်​ထားတာလည်း......"

"Yeri​ရေ ထပ်​ပြီး မင်းဘဲလား....ဒီ​နေ့ စ​နေ​နေ့​ကျောင်းပိတ်​တယ်​​လေ ...."
Gateတဲထဲက ​ကျောင်း​စောင့်​က ထွက်​လာပြီး ​ပြောလိုက်​သည်

"Ash Gomawo ..."

Yeri သူ့​ခေါင်းသူ ပြန်​ရိုက်​ပြီး
"ထပ်​ပြီး မှားပြန်​ပြီလား....အရူးမရဲ့....."

Yeriလည်း ​ကျောင်းက​နေ ပြန်​​မောင်းလာပြီး ​ကျောင်းအနီးအနားက ​ရေကန်​ ဘက်​ကို ​သွားလိုက်​သည်

ထို့​နောက်​ ကား​ပေါ်က ဆင်းကာ ကန်​​ရေပြင်​ကို ​ငေးကြည့်​ပြီး သန့်​ရှင်းလတ်​ဆတ်​တဲ့ ​လေကို တစ်​၀ကြီး ရှူလိုက်​သည်​။

နားကြပ်​ကိုတပ်​ပြီး Taeyeon ရဲ့  Iသီချင်းကို ဖွင့်​လိုက်​သည်​....စိတ်​ညစ်​ပြီး pressure များလာတိုင်း Iသီချင်းဖွင့်​ပြီး အကျယ်​ကြီးလိုက်​​အော်​လိုက်​ရင်​ pressure ​တွေ ​တော်​​တော်​နည်းသွားသည်

"My life is a beauty ~~~~~~~"

Wallpaperက Taeyeon ပုံကို ကြည့်​လိုက်​သည်​။

"Taeyeon .....ချစ်​လိုက်​တာ....."
Wallpaper ကပုံကို ကြည့်​ကာ Yeri ပြုံးရင်း ​ပြောလိုက်​သည်

သီချင်းလည်းဆုံး​ရော လူတစ်​​ယောက်​ရဲ့ ​အော်​သံကို ကြားလိုက်​ရသည်

Yeri မှာ တစ်​​ယောက်​​ယောက်​တစ်​ခုခုများဖြစ်​တာလားဆိုပြီး အသံကြားရာကို သွားကြည့်​လိုက်​သည်

"F**k....No privacy.. .."
ကောင်​မ​လေးတစ်​​ယောက်​မှာ ​သစ်​ပင်​ကို ပိတ်​ကန်​ကာ ​ဒေါသထွက်​​နေ၏

"Hello...."

Yeri အသံ​ပေးလိုက်​သည်​။

သစ်​ပင်​ကို ကန်​​နေတဲ့​ကောင်​မ​လေးလည်း အသံတစ်​သံ​ကြောင့်​ လှည့်​ကြည့်​လိုက်​​တော့ Yeriမှာ အံ့သြပြီး မျက်​လုံးပြူးသွားတယ်​.. .ထို့​နောက်​ လက်​ထဲကဖုန်းပါ လွတ်​ကျသွားတယ်​....

"Tae.....Taeyeon Unnie...."

ဘာရယ်​မဟုတ်​ဘူး ​ရေးချင်​​နေတာ​တော့ ​တော်​​တော်​ကြာပြီ....မ​နေ့ကပုံကို မြင်​​တော့ မ​နေနိုင်​​တော့လို့​ရေးလိုက်​မိပြီ....ဒီတိုင်း idol & Fan girl စိတ်​ကူးယဉ်​ ဇာတ်​လမ်း​လေးပါ😁❤

My Fan GirlWhere stories live. Discover now