My Fangirl Final

1.2K 72 7
                                    

Yeri စာရွက်​ကို ​​တစစီစုတ်​ဖြဲပြီး​နောက်​ ​ငွေ​သေတ္တာ​ကို ယူကာ အပြင်​သို့ ထွက်​လာသည်​....

Bodyguard ​တွေမှာ ကား​မောင်းပြီး ထွက်​သွား​တော့ Yeriလည်း သူ့ကား​ပေါ်တက်​ကာ အမြန်​ ကား​နောက်​လိုက်​သွား​လေသည်​.....

ထို့​နောက်​ အ​ဆောက်​အဦး တစ်​ခု​ရှေ့​ရောက်​​တော့ ကားရပ်​သွားရာ....Yeri ကား​ပေါ်က အမြန်​ဆင်းပြီး အိမ်​​ရှေ့သို့ သွားရပ်​လိုက်​သည်​....

"Minguk....ငါတို့ စကား​ပြောဖို့လိုပြီ...."
Yeri ​အော်​လိုက်​သည်​....

ခဏကြာ​တော့ အိမ်​တံခါးပွင့်​လာပြီး Minguk ထွက်​လာသည်​....

Yeri ချက်​ချင်းဘဲ Minguk မျက်​နှာကို ပိုက်​ဆံ​သေတ္တာနဲ့ ပစ်​​ပေါက်​လိုက်​သည်

"ပိုက်​ဆံနဲ့ အရာရာတိုင်းကို ​ဖြေရှင်းလို့မရဘူး ....ငါဒီပိုက်​ဆံ​တွေ မလိုဘူး....အခုကစပြီး ငါ ပြန်​လုပ်​​တော့မယ်​ နင်​ငါ့ကိုအနိုင်​ကျင့်​တယ်​​နော်​ ငါငြိမ်​ခံ​နေမှာ မဟုတ်​​တော့ဘူး ...."

Minguk မဲ့ပြုံးပြုံးလိုက်​ပြီး
"Yeri မင်းပြန်​ပြီး ​ပေးဆပ်​ရမယ်​....."
Yeri အင်္ကျီကို ​ဆောင့်​ဆွဲကာ ​ကြိမ်းဝါးလိုက်​သည်

Minguk ကို Yeri တွန်းထည့်​လိုက်​ပြီး
"ငါ နင့်​ကို ​ကြောက်​မယ်​များထင်​​နေလား မ​ကြောက်​ဘူး ထပ်​ပြီး ငါ့ဘ၀ကို ဖျက်​စီးလို့ မရ​တော့ဘူး "
Yeri ​ပြောပြီး ထွက်​လာ​တော့ မလှမ်းမကမ်းတွင်​ Taeyeon ကို ​တွေ့ရ​လေသည်

"Taeyeon Unnie...."

Taeyeon မှာ Yeriကို မြင်​​တော့ အရမ်းအံ့သြသွားပြီး ​မြေ​ပေါ်တွင်​ ပြန့်​ကျဲ​နေ​သော ပိုက်​ဆံ များကိုလည်း ​တွေ့​ရ​လေသည်​....

" ဘာ​တွေ ဖြစ်​​နေတာလည်း"

Yeri ဘာမှမ​ပြောဘဲ Taeyeonကို ဖြတ်​​ကျော်​သွား​တော့ Yeriလက်​​မောင်းကို Taeyeon လှမ်းဆွဲလိုက်​သည်

"Taeyeon ဘာလုပ်​တာလည်း သူ့ကို လွှတ်​​ပေးလိုက်​ "
Minguk လှမ်း​အော်​လိုက်​သည်​...

"Minguk နင်​နဲ့ငါ ထပ်​ပြီး ​တွေ့စရာမလို​တော့ဘူး ထင်​တယ်​....."

My Fan GirlWhere stories live. Discover now