Yeri အိမ်ပြန်ရောက်တော့လည်း Taeyeon လက်ထပ်မယ့် သတင်းဘဲ ပြန်ကြားယောင်မိပြီး စိတ်တွေညစ်နေ၏
*knock knock *
Yeri တံခါးခေါက်သံကြောင့် ထပြီး သွားဖွင့်ပေးတော့
"Yeri yah ငါ သူနဲ့ လက်မထပ်ချင်ဘူး ငါ သူနဲ့ လက်မထပ်ချင်ဘူး please ငါ့ကို ကူညီပါအုံး"Taeyeon ပြောပြီး Yeriကို ဖက်လိုက်၏
"Taeyeon Unnie ဒီကို ဘာလာလုပ်တာလည်း....."
Yeri အင်္ကျီရင်ဘတ်တစ်ခုလုံး Taeyeonရဲ့ မျက်ရည်တွေနဲ့ ရွှဲစိုနေသည်Taeyeon ပြန်မဖြေဘဲ Yeriရဲ့ ရင်ခွင်ထဲတွင် ငိုနေပြန်သည်
"Come on ဒီကိုလာထိုင်ပါ.....ပြီးတော့ မငိုပါနဲ့ Unnie....."
Taeyeonကို ထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်
"Sorry Yeri ငါ သွားစရာမရှိလို့...."
Yeri ပြုံးပြီး Taeyeonရဲ့ ပါးပြင်က မျက်ရည်တွေသုတ်ပေးကာ
"Unnie အတွက် ကော်ဖီဖျော်ပေးမယ်နော်...."
Yeri ပြောပြီး ကော်ဖီဖျော်ဖို့သွားတော့ Yeriရဲ့ လက်ကို Taeyeon လှမ်းဆွဲပြီး
"Yeri...ငါ နင့်ကို လိုချင်တယ်......"Taeyeonရဲ့ အားပါပါ ဆွဲအားကြောင့် Yeri တစ်ယောက် Taeyeonအပေါ်သို့ ပြုတ်ကျလေ၏
"Ah....."
"Yeri....ငါ စိတ်အရမ်း မွန်းကြပ်နေလို့ တစ်ညလောက်........"
"No No......."
'Yeri....'
"No...."
"Hey....ငါပြောတဲ့ တစ်ညလောက်ဆိုတာ ငါ့ဘေးနား နင့်ကိုနေခိုင်းတာဟ......တစ်ညလောက် ငါ့ဘေးနား နေပေးပါလား...."
"Ah....sorry..."
Yeri သူအတွေးလွန်သွားလို့ ရှက်ပြီး မျက်နှာကြီး နီရဲနေ၏"Yeri ညစ်ပတ်တာတွေ တွေးနေတာလား 😝😝😝ငါ နင့်ကို ဘာမှမလုပ်ပါဘူး ...."
Taeyeon စပ်ဖြီးဖြီးနဲ့ ပြောလိုက်သည်။Yeriမှာ ရှက်ပြီး ခေါင်းငုံ့ထား၏
"ကြည့်ပါအုံး ရှက်နေတာလေး အဲ့တာကြောင့် နင့်မှာ အခုထိ ရည်းစားမရှိသေးတာ "
"Unnie နိုင်ငံရေးတွေ မပါကြေးလေ...."
Taeyeon ရဲ့ လက်ကို ရိုက်ပြီး Yeri ပြောလိုက်သည်"Ah......cute.....Yeri nah မင်းကို ကြည့်ရင်း အသည်းယားလာပြီ အာဘွားပေးလို့ရလား...."
"Byuntaeနာမည်နဲ့ တကယ်လိုက်တာဘဲ..... "
Yeriကို Taeyeon ဆွဲဖက်လိုက်ပြီး
" ဘာကြောင့်လဲဆိုတာ ငါ မသိဘူး.. ..ဒါပေမယ့် နင့်ကို ငါတွေ့လိုက်ရတဲ့ အချိန်တိုင်း ငါ့ပြဿ နာတွေ ငါ့ stress တွေ ပျောက်သွားတယ်......ဒီကမ္ဘာကြီးက ထွက်သွားပြီး ငါနင်နဲ့ အတူရှိနေချင်တယ်..... ""Unnie chaw ကို သဘောကျနေတာလား"
Yeri လျှာထုတ်ပြောင်ပြပြီး စလိုက်သည်"May be....နင့်ကို သဘောကျနေတာ ဖြစ်နိုင်တယ်....."
Taeyeon အဖြေကြောင့် Yeri အံ့သြသွားတယ်"Chawက စနေတာပါ "
"ငါကတော့ မစဘူး....နင့်ကိုတွေ့တိုင်း ငါ ရင်တွေအရမ်းခုန်တယ်...."
"Chawကို မစပါနဲ့......chawက သာမန် Fan တစ်ယောက်ပါ....."
"Shut up ကလေးစုတ်လေး စကားတအားများတယ်.....Fanဆိုတာ လူမဟုတ်ဘူးလား......နင့်ဘာသာနင် Fanမကလို့ ဘာနေနေ ဘယ်သူ့ဖြစ်ဖြစ် ငါချစ်ခွင့်ရှိတာဘဲ ငါက idolမို့ သာမန် ပရိတ်သတ်တစ်ယောက်ကို ကြိုက်ခွင့်မရှိဘူးလို့ အမိန့်ထုတ်မထားဘူး....Fanလည်း လူဘဲ Idolလည်း လူဘဲ ကလေးမ...."
Taeyeon ပြောပြီး Yeri ကို ဖက်လိုက်သည်
