My Fangirl Part-9

720 73 3
                                    

Yeri တစ်​​ယောက်​ ရဲစခန်းက အကျဉ်း​ထောင်​ထဲမှာ ​လေးရက်​​လောက်​ရှိ​နေပြီ....မည်​သူမှ သူ့ကို လာ​တွေ့ခြင်းမရှိ​ပေ

"Yeri....."

Yeri ​ထောင့်​​လေးမှာ ​ခွေ​ခွေ​လေးအိပ်​​နေစဉ်​ သူ့နာမည်​​ခေါ်ခံရ​သော​ကြောင့်​ နိုးလာသည်

"မင်းကို ဧည့်​သည်​တစ်​​ယောက်​လာ​တွေ့တယ်​...."

Yeri အိပ်​ချင်​မူးတူးနဲ့ ထလိုက်​​တော့ SM CEOကို ​တွေ့လိုက်​ရသည်

"So....ပြန်​​ပေးဆွဲမှုနဲ့ ဒီထဲ​ရောက်​​နေတယ်​​ပေါ့....."

Yeri ပြာပြာသလဲ ​ခေါင်းခါပြီး

"Chaw မလုပ်​ပါဘူး ​ပြန်ေ​ပးလည်း မဆွဲပါဘူး ​​ထောက်​​ချောက်​ဆင်​ခံရတာပါ ကျိန်​ရဲပါတယ်​  "

SM CEOမှာ ​ခေါင်းညိတ်​ပြီး
"ငါ သိပါတယ်​.....စိတ်​​လျော့.. ..ငါ မင်းကို အာမခံပြီး ဒီထဲက ထုတ်​​ပေးမယ်​ ဟုတ်​ပြီလား  "

"CEO တကယ်​​ပြောတာလား...."

"Omm....media ​တွေ​ကြောင့်​​တော့ နည်းနည်း​လောက်​ စိတ်​ရှုပ်​ရမယ်​.....အခုက မင်းကို အာရုံစိုက်​​နေကြတာ....ဒါ​ပေမယ့်​ စိတ်​မပူပါနဲ့  ငါမင်းကို ကူညီ​ပေးပါမယ်​....."

ကျေးဇူးအများကြီး" တင်​ပါတယ်​.....ဒါနဲ့ chawကို ဘာလို့ ဒီ​လောက်​ထိ ကူညီ​ပေး​နေတာလည်းဟင်​ "

"Kim Taeyeonဆိုတဲ့ ဂျစ်​ကန်​ကန်​က​လေးမ​လေးကို ပညာ​ပေးချင်​လို့  "

"Thae...."

"ဒီက​လေးမနဲ့ ပတ်​သတ်​ပြီး ငါ အာမခံပါတယ်​ ဒါ​ကြောင့်​ သူ့ကို ပြန်​လွှတ်​​ပေးလိုက်​ပါ....."
SM CEOမှာ စခန်းမှူးကို ​ပြော​တော့ စခန်းမှူးမှာ Yeri ကို လွှတ်​​ပေးလိုက်​သည်

Yeriမှာ ​ထောင်​ထဲက အမြန်​ထွက်​လာကာ SMကို အကြိမ်​ကြိမ်​ ဦးညွှတ်​ပြီး
" ​ကျေးဇူး အများကြီး အများကြီး တင်​ပါတယ်​ CEO"

Yeri ရဲ့ ပခုံးကို SM CEOကိုင်​လိုက်​ပြီး
"မလိုပါဘူး တစ်​ခုဘဲ Kim Taeyeonကို မမုန်းပါနဲ့ သူလုပ်​ရပ်​က မှား​နေတယ်​ဆိုတာ သူသိပါတယ်​....."

Yeri ​ခေါင်းညိတ်​ပြလိုက်​သည်​....SM CEOမှာ Yeri ကို အိမ်​သို့ လိုက်​ပို့​ပေး​လေသည်

Yeri ကား​ပေါ်က ဆင်းပြီး အိမ်​ထဲဝင်​မယ်​လုပ်​​တော့  အိမ်ေ​ရှ့မှာ Taeyeon ထိုင်​​နေတာကို ​တွေ့လိုက်​ရသည်

"Wah နင်​တကယ်​ လွတ်​လာပြီဘဲ "

Yeri မကြားချင်​​ယောင်​​ဆောင်​ပြီး တံခါးဖွင့်​လိုက်​သည်

Yeri မကြားချင်​ယောင်ေ​​ဆာင်​နေလို့ ​Taeyeon မှာ Yeri လက်​ကို လှမ်းဆွဲလိုက်​သည်

"Taeyeon Unnie...Chaw လက်​ကို လွှတ်​....ရှင့်​အတွက်​ အချိန်​မရှိဘူး  "
Taeyeon ကို မကြည့်​ဘဲ Yeri ​ပြောလိုက်​သည်

"စကား​ပြောရ​အောင်​ ​ပြောစရာရှိတယ်​  "
Taeyeon တိုးတိုး​လေး ​ပြောလိုက်​သည်

"ဟိုဘိုး​တော်​ ဘယ်​မှာပုန်း​နေလည်း ထွက်​လာပါအုံး ပြန်​​ပေးဆွဲတယ်​ဆိုပြီး ငါ့ကို ဖမ်းသွားပါအုံး....."
Yeri ​အော်​လိုက်​သည်

"Shuu....."

"​လေးရက်​​နော်​ သိလား Taeyeon Unnie....သိပါတယ်​ chaw က fanတစ်​​ယောက်​ဘဲဆိုတာ ဒါ​ပေမယ့်​ fan girlမှာလည်း ခံစားချက်​ရှိပါတယ်​ ဒါ​ကြောင့်​ တစ်​​ယောက်​တည်း​ပေး​နေပါ​တော့  "

Yeri ​ပြောပြီး တစ်​ချက်​​လေး​တောင်​မကြည့်​ဘဲ အိမ်​ထဲသို့ဝင်​လိုက်​သည်

Taeyeon တံခါးမပိတ်​ခင်​ လက်​နဲ့ကာလိုက်​သည်

"Yeri...စကား​ပြောရ​အောင်​ပါဆို....."

"Chawမှာ ​ပြောစရာစကား မရှိဘူး "

"ငါတို့ စကား​ပြောခွင့်​မရမချင်း ငါဒီတိုင်း​နေမှာ....."

"😒😒ကဲ​ပြော ဘာဖြစ်​ချင်​​နေတာလည်း....."
Yeri သက်​ပြင်းချပြီး ​ပြောလိုက်​သည်

"ငါ နင့်​ကို တကယ်​ အားနာပါတယ်​ "

"​လေးရက်​လုံး ​ထောင်​ထဲမှာ ​နေခဲ့ရတာ​လေ သိလား "
Yeri သစ္စာ​ဖောက်​ခံရသလို ခံစား​နေရပြီး ​ပေါက်​ကွဲ​နေ၏

"No သူက ငါ့ကို အဲ့လိုလုပ်​ခို​င်းလို့ လုပ်​ရတာပါ....ငါနင့်​ကို အဆုံးရှုံးမခံနိုင်​ဘူးဟ....."

"What!"

"သူက နင့်​ကို ဖျက်​စီးလိမ့်​မယ်​ ငါ​ကြောက်တယ်​ သူ့​ပြောစကားနားမ​ထောင်​ရင်​ နင့်​အသက်​အာမမခံဘူးလို့ သူ​ပြောတယ်​......"

"...."

"Yeri ah....."

"Come on အိမ်​ထဲဝင်​လာခဲ့ သတင်း​ထောက်​​တွေမြင်​သွားမယ်​....."

Yeri ​နောက်​ဆုံး​တော့ သူချစ်​ရဆုံး idolဖြစ်​​နေလို့ သူခံရ​တာ​တောင်​ ရင်​မနာဘဲ သူ့ idolကို စိတ်​ပူကာ ပြန်​ပြီးလက်​ခံလိုက်​သည်

My Fan GirlWhere stories live. Discover now