Yeri နိုးလာတော့ အရင်လို သူ့ကို စနောက်တဲ့ Taeyeon မရှိတော့ပေ.....
သက်ပြင်းချပြီး မျက်နှာသစ် ရေချိုးကာ မနက်စာစားနေ၏
ဘာမှမရှိဘဲ တိတ်ဆိတ်နေတဲ့ အိမ်ကြီးထဲမှာ နေရတာ အထီးကျန်နေသလို.....အရင်ကတည်းက ဒီအိမ်မှာ တစ်ယောက်တည်း နေခဲ့ပေမယ့် မနေ့တနေ့ကမှ Taeyeon ရောက်လာပြီး သိပ်မကြာပါပြန်ထွက်သွားခြင်းက သူ့ဘ၀ထဲက အပြီးပိုင် ထွက်သွားသလို ခံစားနေရသည်
Yeri ငူငူငိုင်ငိုင်နဲ့ ကျောင်းကို ရောက်လာသည်......
အတန်းထဲတွင် Taeyeonရဲ့ လက်ထပ်မယ့် သတင်းတွေက ပလူပျံနေသည်
"Taeyeon Unnie လက်ထပ်တော့မယ်ဆို...."
"ဟုတ်ပါ့ နှမြောလို့သေတော့မယ်"
"ငါဆို မနေ့ကငိုလိုက်ရတာ ပြောမနေနဲ့.....Nayeon လေ မနေ့က ငိုတာ တက်တောင်သွားတယ်တဲ့"
အတန်းထဲက Taeyeon fangirlတွေ ပြောနေတာ နားထောင်ပြီး Yeri ပို စိတ်ညစ်လာသည်....
" ကျောင်းလာမိတာ မှားတာဘဲ 💭💭💭"
Yeri စိတ်ထဲကနေ ကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည်
Yeri ဗလာစာအုပ်ဖွင့်ပြီး လျှောက်ခြစ်လိုက်သည်.....ရင်ထဲမှာလည်း ဖော်ပြလို့ မရတဲ့ ခံစားချက်တွေ ဖြစ်ပေါ်နေ၏.....ငိုချင်တဲ့ စိတ်ကိုထိန်းထားပြီး အံကြိတ်ထားရသည်.....
"Hey....SM auditions မနက်ဖြန်မှ စပြီတဲ့....."
Yeri ငူငိုင်နေရာကနေ ကောင်မလေးတစ်ယောက်ရဲ့ စကားကြောင့် ချက်ချင်းခုံကနေ ထရပ်လိုက်ပြီး ကောင်မလေးကိုကြည့်လိုက်သည်
" မနက်ဖြန် မနက် ၁၀နာရီမှာ စမယ်တဲ့....."
Yeri တစ်ယောက် ၀င်ပြိုင်ရင် ကောင်းမလားမကောင်းလား စဉ်းစားနေ၏ .....၀င်ပြိုင်ပြီး Trainee ဘ၀မှာ Taeyeon နဲ့ တွေ့ခွင့်ရပြီး Taeyeonကို စိတ်ညစ်တိုင်း အားပေးနိုင်ခွင့်ရမယ်လေ......
"ငါ ၀င်ပြိုင်မယ်... "
Yeri အကျယ်ကြီး အော်လိုက်သည်စကားပြောနေကြတဲ့ ကောင်မလေးတွေမှာ Yeri အော်သံကြောင့် လန့်ပြီး စကားပြောနေရာမှ ရပ်ကာ Yeriကို ကြည့်နေကြသည်
"Oh sorry...."
Yeri တောင်းပန်လိုက်ပြီး အခန်းထဲ ကထွက်လာလိုက်သည်"Kim Yerim....fighting.. ..."
Yeri သူ့ကိုယ်သူ အားပေးလိုက်သည်.....
နောက်တစ်နေ့တွင်......
Yeri ကျောင်းပျက်ပြီး SMကို သွားလေသည်........
"Excuse me....SM auditions ဖြေရမယ့်နေရာက ဘယ်မှာလည်းရှင့်...."
Yeri လုံခြုံရေးကို မေးလိုက်သည်"SM အဆောက်အဦး ဘေးနားက တစ်ခုပါ....ကံကောင်းပါစေ ကလေးမ....."
SM လုံခြုံရေးမှာ အဆောက်အဦးကို ညွှန်ပြပြီး ဆုတောင်းပေးလိုက်သည်....Yeri စိတ်လှုပ်ရှားလွန်းလို့ အထဲကို မ၀င်ခင် အသက်၀၀ရှူ လိုက်သည်.....
အဆောက်အဦးထဲလည်း ရောက်ရော လူတွေအများကြီးကို တွေ့လိုက်ရသည်.....အကလေ့ကျင့်နေတဲ့သူတွေ ဆုတောင်းနေတဲ့သူတွေကိုလည်း တွေ့သည်.....
Yeri လွတ်တဲ့ခုံမှာ ၀င်ထိုင်ပြီး သူပိုင်တဲ့ သီချင်းကိုရွတ်ဆိုနေ၏.....
"Kim Yerim......"
"Nae...."
Yeri သူ့နာမည်ခေါ်သံကြားလို့ အမြန် ထကာ အခန်းထဲကို ၀င်သွားလိုက်သည်.....
"Hello....Kim Yerimလို့ ခေါ်ပါတယ်ရှင့် "
Yeri သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်...."Ok..Miss Kim....စဆိုနိုင်ပါပြီ....."
ဒိုင်လူကြီးက ပြောတော့ Yeri ချောင်းဟန့်ပြီး သီချင်းစဆ်ုလိုက်သည်...."It's not fine......🎶🎶🎤🎤"
Yeri မျက်လုံးမှိတ်ပြီး ခံစားချက်အပြည့်နဲ့ သီဆိုနေ၏......
"Gomawo.....အခု သွားနို်င်ပါပြီ နောက်ရက်ကျ ဆက်သွယ်လိုက်ပါမယ်....."
Yeri ဒိုင်လူကြီးတွေကို နှုတ်ဆက်ပြီး ပြန်လာခဲ့သည်....စိတ်ထဲမှာလည်း audition အောင်ဖို့ ဆုတောင်းနေ၏....
ကားမောင်းရင်း radion ဖွင့်လိုက်စဉ်....
"Breaking New....Girls' Generation အဖွဲ့ခေါင်းဆောင်ဖြစ်သူ Kim Taeyeon ဒီလအတွင်း လက်ထပ်ပွဲကျင်းပမည်ဟု.....သတင်းရရှိကြောင်းပါ ခင်ဗျာ....."
"What the fuck....."
Yeri အကျယ်ကြီး ကျိန်ဆဲမိကာ ရှေ့ကကားကို ၀င်တိုက်မိသွားသည်....