Yeri တစ်ယောက် ကျောင်းစာတွေ လုပ်နေစဉ် Taeyeonကတော့ Yeri ပြင်ပေးတဲ့ သစ်သီးတွေ ထိုင်စားနေသည်......
"စပျစ်သီးလေးက ချိုလိုက်တာ...."
Taeyeon စပျစ်သီးစားရင်း ပြောလိုက်သည်"Unnie ကြိုက်တယ်ပေါ့....."
"ဒါပေါ့ ....အရမ်းစားကောင်းတယ်....."
"ဒါဆို နောက်နေ့ ဈေးသွားရင် ၀ယ်ခဲ့မယ်... "
*Knock Knock*
Yeriမှာ တံခါးခေါက်သံကြောင့် ရေးလက်စ စာကို လက်စသတ်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်
Taeyeonမှာတော့ ကုတင်နောက်တွင် ၀င်ပုန်းနေ၏
"Hello....."
Yeriမှာ တံခါးရှေ့မှာ ရပ်နေတဲ့ လူကြီးကို မြင်ပြီး လန့်သွားလေသည်။
"Lee Soo Man Papa...."
"Taeyeonရော ဘယ်မှာလဲ.. ...."
"Thae....Taeyeon! သူဒီမှာ မရှိပါဘူး ....."
"Oh...Taeyeonကိုယ်တိုင် သူဒီမှာ ရှိတယ်လို့ ပြောလို့ ငါရောက်လာတာကို...."
"Thae...."
"ဒီတော့ သူ့ကို ခေါ်ပေးမှာလား မခေါ်ပေးဘူးလား.... "
Yeriမှာ ဘာလုပ်ရမှန်းမသိပေ သို့သော် SM CEOက သူ့အိမ်ရှေ့မှာ ကြာကြာရပ်နေရင် လူမြင်မှာစိုးသောကြောင့် အိမ်ထဲသို့ ခေါ်လိုက်သည်....
ထို့နောက် SM Papaကို ဧည့်ခန်းတွင် ထိုင်ခိုင်းပြီး အခန်းထဲသို့ ၀င်လာသည်
"ဘယ်သူလည်း...."
"Lee Soo Man Papa...."
"What! SM CEOလား.... "
"Unnieက ဒီမှာရှိတယ်လို့ ပြောတယ်.....Unnieက သူ့ကို ပြောတာဆို.... "
"Shit....သူ စိတ်ပူနေမှာဆိုးလို့ ငါအကြောင်းကြားတာကို ဘာလို့ လိုက်လာတာလည်းမသိ...."
"သွားတွေ့လိုက်ပါ သူစောင့်နေတယ်....."
"နင်ပါ လိုက်ခဲ့..."
"What....chawက သူနဲ့ မသိဘူးလေ......"
"Come on ငါကြောက်လို့ပါ...."
"Kim Taeyeon က SM papaကို ကြောက်တယ် ဟုတ်လား.. ...နေဆယ်စင်းထွက်လာတယ်ဆိုတာလေး ယုံလိုက်ပါမယ်....Unnieပြောတာတော့ မယုံ....."
"Come on Yeri nah...."
Taeyeon aegyoအသံလေးဖြင့် ခေါ်လေသည်...."Unnie .....please stop...."
"Yeri baby..."
"Ah ok ok လိုက်ခဲ့မယ်....😭😭မုန်းလိုက်တာ Kim Taeyeonကြီးက ငါ့အားနည်းချက်ကြီးဖြစ်နေတာ"
"Hello...."
Taeyeon အခန်းထဲက ထွက်လာပြီး SM papaကို နှုတ်ဆက်လိုက်သည်"So Taeyeon nah ထိုင်ပါအုံး မင်းက ဒီမှာနေနေတယ် ဟုတ်လား ဘာဆက်လုပ်ဖို့ စိတ်ကူးထားလည်း.. .."
"Chaw....တောင်းပန်ပါတယ်.....အခု...."
"ကင်မရာတွေကြောင့် စိတ်တွေ အရမ်းမွန်းကြပ်နေတယ် မဟုတ်လား....ခဏရှောင်နေလိုက်ပါ မင်း နိုင်ငံခြားကိုရောက်နေတယ်လို့ ငါ ညာပြောပေးထားပါမယ်....sorry Taeyeon...မင်းကို ပင်ပန်းအောင် တာဝန်ပေးထားမိလို့...."
"CEO ကျေးဇူးအများကြီးတင်ပါတယ်....."
Taeyeon မှာ SM Papaကို ဦးညွှတ်ကာ ကျေးဇူးတင်စကားပြောလိုက်သည်
"So...မင်း နာမည်က ဘယ်သူလဲ.. ..."
Papa မှာ Taeyeon ဘေးနား ရပ်နေတဲ့ Yeriကို မေးလိုက်သည်
"Kim Yerim ပါရှင့် တွေ့ရတာ ၀မ်းသာပါတယ်...."
Yeri ခေါင်းငုံ့ကာ နှုတ်ဆက်လိုက်သည်
"Taeyeonကို ဂရုစိုက်ပေးမယ်လို့ ထင်ပါတယ် ဒါနဲ့ မင်းတို့က သူငယ်ချင်းတွေလား...."
Yeriမှာ အူကြောင်ကြောင်ဖြင့် ဘာပြန်ဖြေရမှန်းမသိဘဲ ဖြစ်နေစဉ် Taeyeonမှာ ဖြတ်ပြောလေသည်
"Chaw ယုံကြည်ရတဲ့ ကလေးမလေးပါ.... "
"Ok ok မင်းတို့ ကောင်းကောင်းနေဖို့ မျှော်လင့်ပါတယ်......ငါ ဘယ်လောက်ဖုံးထားပါစေ မပေါ်အောင်နေနော် ကြားလား မကြာခင် ပြန်လာခဲ့ Taeyeon.. ..."
Sm Papaမှာ မှာစရာရှိတာ မှာပြီး ထွက်သွားလေသည်
"Oh gosh Lee Soo Man Papaကို မြင်ရတာ အသက်၁ထောင်လောက် တိုသွားသလိုဘဲ....."
Yeri သူ့နှဖူးပေါ်က ချွေးတွေ သုတ်ကာ ပြောလိုက်သည်Taeyeonမှာ အကြောက်လွန်နေတဲ့ ကလေးမလေးကို ကြည့်ကာ ရယ်နေ၏
မနေု့က author phလေး ပျက်သွားလို့ အခုမှ ပြန်ရလို့ အမြန်ဒိတ်ပေးလိုက်ပြီနော်😁😁