"ပြောပါ သူက unnie ကို ဘယ်လိုခြိမ်းခြောက်တယ်ဆိုတာ "
Yeri တည်တည်ငြိမ်ငြိမ်နဲ့ ပြောလိုက်သည်"သူ နင့်ကို သတ်ပစ်မယ်လို့ ပြောတယ် "
Taeyeon ကြမ်းပြင်ကို ကြည့်ပြီး ပြောလိုက်သည်"Oh chawကို သတ်မယ်တဲ့ ဟုတ်လား ကြိုးစားကြည့်လေ.....ဒါနဲ့ coffee သောက်အုံးမလား Taeyeon Unnie"
Taeyeon ခေါင်းခါလိုက်သည်
"ငါနင့်ကို တွေ့ချင်ရုံပါ....ငါ နင့်အပေါ် အပြစ်လုပ်ထားမိတာလေ အဲ့တာ ငါ.....ငါ...ဒီကနေ ထွက်သွားချင်တယ် တကယ်ထွက်သွားချင်တာ..."
Yeri သက်ပြင်းချလိုက်သည်
"Chawလည်း ကျောင်းစာတွေ ပြန်ကူးရအုံးမယ် စိတ်ညစ်တာ.... "
"အဲ့အတွက် စိတ်မပူပါနဲ့  "
"ဟင် ဘာကိုလည်း......"
"Yeri "
Taeyeon ကို Yeri ကြည့်လိုက်သည်
"Here.....ဒီမှာ နင့်အတွက် Assignment နဲ့ မှတ်စုတွေ......ငါ့ညီမ ၀မ်းကွဲကို အကူအညီတောင်းထားတာ professor တွေလည်း နင်ထောင်ထဲမှာဆိုတာ သိလို့ ကူညီပေးပါတယ်...."
Taeyeon သူ့အိတ်ထဲက စာအုပ်တွေထုတ်ပေးလိုက်သည်
"Ah gomawo...."
"Yeri နင့်ကို ငါ အရမ်း လွမ်းတာဘဲ "
Yeri ကို Taeyeon တင်းကြပ်စွာ ဖက်လိုက်သည်Yeriမှာ ရေခဲတုံးလို ခဲသွားပြီး မလှုပ်နိုင်တော့ပေ
"Chaw chaw အသက်ရှူ လို့မရဘူး "
Taeyeonလည်း ချက်ချင်း ဖက်ထားရာမှ လွှတ်လိုက်သည်
"No Yeri No.....Fangirl ဆိုတာ ကိုယ့်ကိုကိုယ် သတိရအုံး ပြီးရင် နင်သူ့ကို စိတ်ဆိုးနေတာလေ😒😒 ဟူး ထားပါတော့ ဘာဘဲဖြစ်ဖြစ် Unnie အဆင်ပြေတယ်ဆို နာကျင်ခဲ့တောင် ငါ ပျော်ပါတယ်💭"
" chawလည်း သတိရတယ်.....ထင်ပါတယ်"
Yeri ဘာမှမဖြစ်တဲ့ ပုံစံမျိုး ဖမ်းကာ ပြောလိုက်သည်Taeyeon ပြုံးလိုက်ပြီး သူ့နာရီကို ကြည့်လိုက်သည်
"ဟိုဘိုးတော် မသိခင်....ငါ ပြန်သင့်ပြီ ထင်တယ် "