"Ash ကျောင်းနောက်ကျပြန်ပြီ....."
Yeri တစ်ယောက် အိပ်ချင်မူးတူးနဲ့ အိပ်ရာကထကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်ရေမချိုးဘဲ မျက်နှာသစ် သွားတိုက်ပြီး ရေချိုးခန်းထဲက ပြန်ထွက်လာသည်
ထို့နောက် uniform အမြန်ဝတ်ကာ ကားသော့ကို ကောက်ယူပြီး ကျောင်းသို့အမြန်မောင်းလာသည်။
"Ash Yeri yah....ကျောင်း နောက်မကျဖို့ ဆုတောင်းရမယ်.....ညက alarmပေးဖို့ မေ့သွားတာ ခံစမ်း....."
Yeri ကားမောင်းရင်း ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်သည်။စိတ်ထဲက stressတွေ ဖြေလျော့ဖို့ ဖုန်းထဲက သီချင်းတစ်ပုဒ်ကို ဖွင့်လိုက်သည်
🎶Make me love you...🎶
"Taeyeon unnie.. ..."
Taeyeonရဲ့ အသံကို ကြားတော့ Yeri ပြုံးမိသွားတယ် ....Yeri ဆိုတဲ့ ကလေးမလေးဟာ Taeyeonရဲ့ Fan girl အကြီးစားတစ်ယောက်ပါ ....Taeyeonရဲ့ ရုပ်ရည်....အသံ....အရည်အချင်း အရာအားလုံးဟာ Yeriအတွက်တော့ ပြည့်စုံလွန်းသည် ....
Taeyeon ရဲ့ သီချင်းတွေ နားထောင်ရင်း ကျောင်းကို မည်သို့ရောက်လာလည်းမသိလိုက်.....ကျောင်းရှေ့ရောက်တော့ ကျောင်းတံခါးက ပိတ်ထားတာကို တွေ့လိုက်ရသည်
"What! တံခါးက ဘာလို့ ပိတ်ထားတာလည်း......"
"Yeriရေ ထပ်ပြီး မင်းဘဲလား....ဒီနေ့ စနေနေ့ကျောင်းပိတ်တယ်လေ ...."
Gateတဲထဲက ကျောင်းစောင့်က ထွက်လာပြီး ပြောလိုက်သည်"Ash Gomawo ..."
Yeri သူ့ခေါင်းသူ ပြန်ရိုက်ပြီး
"ထပ်ပြီး မှားပြန်ပြီလား....အရူးမရဲ့....."Yeriလည်း ကျောင်းကနေ ပြန်မောင်းလာပြီး ကျောင်းအနီးအနားက ရေကန် ဘက်ကို သွားလိုက်သည်
ထို့နောက် ကားပေါ်က ဆင်းကာ ကန်ရေပြင်ကို ငေးကြည့်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ လေကို တစ်ဝကြီး ရှူလိုက်သည်။
နားကြပ်ကိုတပ်ပြီး Taeyeon ရဲ့ Iသီချင်းကို ဖွင့်လိုက်သည်....စိတ်ညစ်ပြီး pressure များလာတိုင်း Iသီချင်းဖွင့်ပြီး အကျယ်ကြီးလိုက်အော်လိုက်ရင် pressure တွေ တော်တော်နည်းသွားသည်