Taeyeonမှာ မီးအမြန်မှိတ်ပြီး Yeriကို ပါးစပ်ပိတ်ကာ သူ့ရင်ခွင်ထဲ ထည့်ထားပြီး ကုတင်ထောင့်နဲ့ကွယ်ကာပုန်းနေ၏
Yeriမှာ ရင်ခုန်လွန်းလို့ ကျောက်ရုပ်တစ်ရုပ်လို ဖြစ်နေ၏....Taeyeonရဲ့ အသက်ရှူ သံကို သေသေချာချာကိုကြားနေရတာလေ......
*ဂျိမ်း*
တံခါးဆောင့်ပိတ်သံကြောင့် Taeyeon သက်ပြင်းချပြီး Yeriကို ဖက်ထားရာမှ ဖယ်ပြီး ပြတင်းပေါက်ကနေ အပြင်ကို ခိုးကြည့်လိုက်သည်
"Huu တော်ပါသေးတယ် သူပြန်သွားပြီ...."
ကားစက်နှိုးသံကြားတော့ Yeriလည်း ခေါင်းညိတ်ပြလိုက်သည်
"ပစ္စည်းတွေလည်း ယူပြီးပြီဆိုတော့ သွားကြမလား...."
"Nae....ဒါနဲ့ Zeroလေးရော...."
"Oppaဆီ ခဏအပ်ထားတယ်....."
Taeyeonနဲ့ Yeriတို့ စကားပြောရင်း အိမ်ကိုပြန်လာကြသည်
နောက်တစ်နေ့ မနက်တွင်.....
Yeri အိပ်ရာက နိုးလာတော့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ Taeyeonကို တွေ့လိုက်ရသည်
"Ash......Taeyeon Unnieကတော့ ရုပ်ရှင်ကြည့်ပြီးရင် အထဲဝင်လာမယ်ဆိုပြီး ဆိုဖာပေါ်မှာ အိပ်ပျော်နေတယ်...."
Taeyeonတစ်ယောက် ကလေးလေးလို အိပ်ပျော်နေတာကြည့်ပြီး Yeri အူယားလာတာနဲ့ Taeyeonရဲ့ ပါးဖောင်းဖောင်းလေးကို လက်နဲ့တို့ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်
Taeyeonရဲ့ မျက်နှာနားသို့ ဖြည်းဖြည်းချင်း ကပ်ရင်း Taeyeon မျက်လုံးပွင့်လာတာမြင်တော့ Yeri လန့်သွားတယ်
"Ah...."
"လန့်သွားတာလား ချာတိတ်......"
"No...မျက်နှာသွားသစ်လိုက်အုံး....chaw မနက်စာပြင်ပေးမယ်....."
Yeri ရှက်ရှက်နဲ့ မီးဖိုခန်းထဲ ၀င်သွားတယ်.....
ခဏကြာတော့ Taeyeon ရောက်လာပြီး
"တစ်ခုခုလုပ်ပေးရအုံးမလား.... "
"ရပါတယ်... unnie..အေးဆေး ထိုင်နေပါ "
Taeyeon ရယ်ပြီး ကြက်ဥကို ကောက်ယူကာ
"အေးဆေး ထိုင်မနေနိုင်ပါဘူး....နင့်အိမ်မှာ အလကား နေနေတာဘဲ ငါတစ်ခုခုတော့ လုပ်ပေးရမှာပေါ့....."Taeyeonနဲ့ Yeri မနက်စာ အတူချက်ပြီးနောက် စားပွဲခုံတွင် ထိုင်စားရင်း
*boy i can't cover up my heart...*
Yeri phသံကြောင့် Taeyeon မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး
'Woo Biggest fanကြီးပါလား......"Yeri သူ့သူငယ်ချင်းနဲ့ ဖုန်းပြောနေစဉ် Taeyeonမှာ Tv ဖွင့်ကာ ကြည့်လိုက်သည်
*Breaking New*
"National girl groupဖြစ်တဲ့ Girls'generation ဟာ မကြာခင်မှာဘဲ အဖွဲ့သားစုံစုံလင်လင်နဲ့အတူ ပြန်လာတော့မယ်လို့ သတင်းရရှိပါတယ်......ဒါပေမယ့်.....အဖွဲ့ခေါင်းဆောင် Kim Taeyeonကရော............မနေ့ကတည်းက သူ့ကိုမတွေ့ရဘူး ပျောက်နေတယ်လို့ သတင်းရရှိပါတယ်...."
Yeri ph ချလိုက်ပြီး
"Unnie အကြောင်း သတင်းထဲတောင် ပါလာပြီ....."Taeyeon သက်ပြင်းချကာ ရီမုယူပြီး ပိတ်လိုက်သည်
"Fucking life...."
Taeyeonရဲ့ လက်ကို Yeri တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး အားပေးလိုက်သည်
"စိတ်ထဲ အရမ်းတွေးမနေပါနဲ့ အခု ဒီမှာရှိနေတာကို ဘယ်သူမှမသိသလို ဘယ်သူ့ကိုမှလည်း chaw ပြောမပြပါဘူး....."
"Gomawo Yeri ah...."
"Unnie ညက ကောင်းကောင်း အိပ်မပျော်ဘူးမလား....အခန်းထဲမှာ အေးဆေးသွားနားလိုက်ပါ.....chaw ဒီဧည့်ခန်းမှာ အိမ်စာတွေ လုပ်လိုက်အုံးမယ်....."
Taeyeon အိပ်ဖို့ အိပ်ရာတွေ Yeri သေချာပြင်ဆင်ပေးလိုက်သည်....
Taeyeonလည်း ကျေးဇူးတင်စကားပြောပြီး ခဏလှဲအိပ်လိုက်သည်