1

13.8K 741 20
                                    

Part 1(Pre Part)

"အာ....ဝူး....ဝူး.....ဝူး...."

မ​ရှေးမ​နှောင်းဆီက ဆွဲဆွဲငင်​ငင်​အူလိုက်​တဲ့​ခွေးတစ်​ကောင်​ကြောင့်​ ဖက်​လက်​စစာအုပ်​ပေါ်မှအကြည့်​တို့သည်​ ဖွင့်​ထား​သောပြတင်း​ပေါက်​ဆီကို ကူးပြောင်းသွားသည်​။

​လေ​ကြောင့်​တဖျတ်​ဖျတ်​လွင့်​နေတဲ့ အဖြူ​ရောင်​ခန်းဆီးလိုက်​ကာသည်​ မြင်​ကွင်းကိုအပီအပြင်​မြင်​ခွင့်​မ​ပေး။

"​အေးလိုက်​တာ...!"

တစ်​ယောက်​တည်း​ရေရွတ်​လိုက်​ပြီး လက်​နှစ်​ဖက်​ကို​ဘေးအိတ်​ကပ်​ထဲကိုထိုးထည့်​လိုက်​ကာ ကုတင်​ပေါ်မှဆင်းခဲ့လိုက်​သည်​။

ဖတ်​လက်​စစာအုပ်​လေးကို​တော့ ဖတ်​ရာမှတ်​သားလိုက်​ပြီး ကုတင်​ပေါ်ကိုတင်​ထားခဲ့လိုက်​သည်​။

တလူလူလွှင့်​နေတဲ့ အဖြူ​ရောင်​ပိတ်​စကိုကြိုးနဲ့ချည်​နှောင်​လိုက်​ကာ ပြတင်းတံခါးနှစ်​ဖက်​ကိုပိတ်​ရန်​ပြင်​လိုက်​သည်​။

ဘာရယ်​မဟုတ်​ အပြင်​ကိုကြည့်​လိုက်​တော့ ခပ်​ယိုင်​ယိုင်​ကိုင်းပင်​တချို့ကို​ အ​မှောင်​ရိပ်​အောက်​မှာ ဟိုတစ်​စုဒီတစ်​စု​တွေ့လိုက်​ရသည်​။ မသိလျှင်​အစိမ်းသရဲ​ကောင်​တွေ ငုတ်​တုတ်​ထိုင်​ကာအိမ်​ကြီးရှိရာဘက်​ကိုလှမ်းကြည့်​နေကြသည့်​အတိုင်း။

ပြတင်းနှစ်​ချပ်​ကိုဆွဲလိုက်​ကာ ထပ်​ကြည့်​လိုက်​တော့ အ​မှောင်​ရိပ်​ဆီမှ လူတစ်​ယောက်​ကို​တွေ့လိုက်​ရသည်​။​ထိုလူရိပ်​သည်​ ကိုင်းပင်​စုများကြားမှ သူရှိရာကိုရပ်​ကြည့်​နေသ​ယောင်​ သို့တည်းမဟုတ်​ ကျော​ပေးသ​ယောင်​ထင်​မှား​စေ​လေသည်​။

​လေအ​ဝှေ့မှာ ထိုလူရဲ့ဆံနွယ်​လား အဝတ်​လားမသဲကွဲ​သောအရာ​တွေက လွင့်​နေသလိုရှိသည်​။

"ဘယ်​သူပါလိမ့်​!?"

​ဟော...သူ့ကိုလက်​ဝှေ့ယမ်းပြ​နေ​လေသည်​။ တရှိန်​ထိုး ဆွဲငင်​ကာအူလိုက်​တဲ့ လမ်း​ဘေး​ခွေး​တွေ​ကြောင့်​ကျောရိုးထဲက​နေ စိမ့်​ခနဲဖြစ်​သွားသည်​။

Used To [Zawgyi/Unicode]Where stories live. Discover now