"သား Minလေး ဘာဖြစ်လာတာလဲ"
တဆတ်ဆတ်တုန်ရီနေတဲ့ ခန္ဓာကိုယ်နဲ့အတူ မျက်ရည်လည်ရွဲနဲ့ရောက်လာတဲ့ သူ့ကို မားက ပြာပြာသလဲစိုးရိမ်စွာမေးနေသော်လည်းခေါင်းကိုသာအထပ်ထပ်ရမ်းနေမိသည်။
"နေမကောင်းလို့လား သားလေး ပြစမ်း"
ကြောက်အားလန့်အားနဲ့ နဖူးပေါ်ကျရောက်လာမဲ့လက်ကို ပုတ်ထုတ်လိုက်မိသည်။သူ့အပြုအမူကြောင့် မားက မယုံနိုင်စွာ သူ့ကိုကြည့်နေလေသည်။
"ကျွန်တော်ကျွန်တော်ဒီစံအိမ်ကနေ ဘယ်လိုထွက်သွားရမလဲဟင်"
သူ့ကိုရပ်ကြည့်နေတဲ့ မားတစ်ဖြစ်လဲ ထမင်းချက်အမျိုးသမီးကြီးရဲ့ပုခုံးကို လှုပ်ကိုင်ကာမေးနေမိသည်။
"သား ဘာတွေပြောနေတာလဲ"
"ပြောစမ်းပါ အခုနေထွက်သွားရင်ရမလားဆိုတာ"
ပြောင်းလဲသွားတဲ့လေသံနဲ့အမူအရာတွေကို သူမလိုက်မှီပုံမပေါ်။
"မင်းက...မင်းက ရူးနေတာမဟုတ်ဘူးလား မင်းဘယ်သူလဲ"
သူမရဲ့အဖြေကိုမဖြေအားတော့ပဲ Jiminတဟုန်ထိုးဆိုသလို စားဖိုဆောင်ဘက်ကနေပြေးထွက်ခဲ့လိုက်သည်။စံအိမ်တံခါးပေါက်ဟုတ်တယ်တံခါးပေါက်ကြီးဆီကိုရောက်အောင်သွားမှဖြစ်မယ်။
မွန်းတည့်လုနီးပါးနေအပူအောက်တွင်ဆာကာရှီအိမ်တော်ကြီးထဲ၌မရပ်မနားပြေးလွှားနေသော ပန်းဖျော့ရောင်ဝတ်ရုံနဲ့ လူတစ်ယောက်ရှိလေသည်။
"ဒုတ်"
နောက်ဘက်ဆီက ကြားလိုက်ရတဲ့အသံတစ်သံကြောင့်လှည့်ကြည့်လိုက်တော့ စံအိမ်ကြီးရဲ့အဆောင်တိုင်ထက်မှာ စိုက်ဝင်နေတဲ့ ခပ်ချွန်ချွန်ဓားတစ်လက်။နေရောင်အောက်မှာ တလက်လက်တောက်ပနေတဲ့ဓားသွားက သူ့ကိုလွတ်အောင်ပြေးဖို့ သတိပေးနေသလို။
ဆာကာရှီသခင်ကြီး။
စိတ်ထဲက ဖျတ်ခနဲရေရွတ်လိုက်မိပြီးပြေးလွှားနေတဲ့ခြေလှမ်းတွေကို အရှိန်ပိုမြှင့်လိုက်သည်။ကျွန်တော်ခင်ဗျားလက်ထဲမှာတော့ အသေမခံနိုင်ဘူး သခင်ကြီး။
YOU ARE READING
Used To [Zawgyi/Unicode]
RandomConnection between previous and present life🎈 Written by Acacia Mature Content