တိတ်ဆိတ်နေတဲ့ညတစ်ည။
အဆောင်တစ်ခုရဲ့အခန်းအတွင်းမှာရှိနေတဲ့လူတစ်ယောက်က ပန်းချီထိုင်ဆွဲလျက်ရှိသည်။ရုတ်တရက်ဆိုသလို စုတ်ချက်တွေကို အသက်သွင်းပေးနေတဲ့လက်လေးက ရပ်တန့်သွားခဲ့သည်။
"ကျစ်"
အလိုမကျသောအသံကိုပြုလိုက်ကာ လက်ထဲကစုတ်တံကိုစားပွဲခုံပေါ်မှာဖြစ်သလိုချလိုက်ပြီးနောက် မိမိကိုယ်တိုင်၏သက်ပြင်းချသံသဲ့သဲ့ကိုလည်း အတိုင်းသားကြားနေရသည်။
"အာခါရု"
"ရှိပါတယ်သခင်ကြီး"
အခန်းအပြင်ကိုထွက်လာတဲ့သခင်ကြီးကြောင့် ခါရုတစ်ယောက် အလျင်အမြန်အရိုအသေပေးလိုက်သည်။ဘာများထူးခြားနေပါလိမ့်။
"ညနေကကောင်လေး ဘာဖြစ်သွားသေးလဲ"
"ခင်ဗျာ"
"ညနေကရေထဲပြုတ်ကျတဲ့ကောင်လေးဘာဖြစ်သွားသေးလဲလို့"
"အဆင်ပြေပါတယ်သခင်ကြီး ဘာမှကြီးကြီးမားမားမထိခိုက်သွားပါဘူး"
"ရပြီ မင်း သွားနားတော့ ခါရု "
"ဟုတ်ကဲ့ပါ သခင်ကြီး ခွင့်ပြုပါဦး"
သခင်ကြီးဆီကပြန်လာတဲ့လမ်းတစ်လျှောက်လုံး ခါရုတွေးနေမိတာက ဘယ်ချိန်တုန်းက သခင်ကြီးက ဒီကိစ္စနဲ့ပတ်သတ်ပြီးစိတ်ဝင်စားသွားခဲ့တာလဲ? တခုခုတော့..။
ချမ်းစိမ့်စိမ့်ဖြစ်နေတဲ့ညရဲ့အငွေ့အသက်နဲ့အတူ အလင်းရောင်အသင့်အတင့်ကို ဖြာကျစေတဲ့လမင်းကြီးကိုကြည့်ကာ ဝရံတာနားမှာပဲ ရပ်နေသူ သခင်ကြီး။
အာရုံထဲကိုခဏခဏပေါ်လာတဲ့ အရူးကောင်လေးကြောင့် ကိုယ့်စိတ်ကိုအလိုမကျဖြစ်ကာ ခဏခဏသက်ပြင်းတွေချနေသူဆိုရင်လည်းမမှား။
မင်းနဲ့တော့ခက်နေပြီကောင်လေး။
"🎼🎼ဖားလေးတစ်ကောင်တွေ့လိုက်တယ် ဟော့လိုဟော့လိုခုန်နေတယ်🎼🎼"
YOU ARE READING
Used To [Zawgyi/Unicode]
De TodoConnection between previous and present life🎈 Written by Acacia Mature Content