Part 8
"လျှောက်မကိုင်နဲ့ "
ဟူသောအသံနဲ့အတူ စပ်စုရန်ပြင်နေတဲ့လက်ကလေးကို မညှာမတာရိုက်ချလိုက်တာကြောင့်ကောင်လေးရဲ့မျက်နှာကသိသိသာသာကိုမဲ့ကျသွားသည်။
"ဘီလူးကြီး ခင်ဗျားကဘီလူးကြီးလိုပဲသိလား"
"ဘာဖြစ်လဲ ငါသာဘီလူးဆိုရင်မင်းလိုအရူးကိုအရင်စားပစ်မှာ"
"ကုကုဆန်!အဲ့မှာ အဲ့ဘီလူးကြီးက စားမယ်တဲ့"
ခြေလေးဆောင့်ကာ နှုတ်ခမ်းလေးထော်လိုက်ပြီး သခင်ကြီးရဲ့အင်္ကျီစကိုဆွဲကာနောက်ကျောမှာကွယ်လိုက်တဲ့အရူးပါးကြောင့်ခါရု သွားဖြဲပြလိုက်သည်။
အဆောင်တွေကိုကြည့်ချင်တယ်ဆိုလို့ သခင်ကြီးခွင့်ပြုချက်ကြောင့်ခေါ်လာရပေမဲ့ အဲ့အရူးကိုနည်းနည်းလေးမှကြည့်လို့မရ။
တလမ်းလုံးလည်း တစ်စက်မှငြိမ်ငြိမ်နေသည်မရှိဘဲ မသိရင်အရူးနဲ့မတူဘဲ သူငယ်ပြန်နေတာလိုလို ဘာလိုလိုနဲ့ စိတ်ကုန်စရာ။
"ခါရု မင်းကလူကောင်းနော်"
"နားလည်ပါပြီ သခင်ကြီး"
သခင်ကြီးပြောချင်တာက စိတ်ရောဂါသည်မို့အလျှော့ပေးရမယ်ဆိုတဲ့သဘော အို အရူးဆိုအရူးပေါ့သောက်အရူးလေး လည်ကိုလည်တယ်။
"အိမ်တွေကအကြီးကြီးပဲနော်ဟိုးမိုးပေါ်ထိတောင်ရောက်တော့မယ်"
ဘေးကကောင်လေးရဲ့စကားကိုဂျောင်ကုပြုံးလိုက်ကာဘေးကိုလှည့်ကြည့်လိုက်တော့ အဆောင်ကြီးတွေကို လည်ပင်းလေးပင့်ကာ တမေ့တမောငေးမောနေသူ။
စကားပြောလိုက်ရင်အနည်းငယ်စူထွက်လာသလိုရှိတဲ့နှုတ်ခမ်းထူထူလေးတွေက ဘဲကလေးနဲ့တူသည်။ရယ်လိုက်ရင်ပျောက်သွားတတ်တဲ့မျက်လုံးမှေးမှေးလေးတွေက ကြယ်မှုန်လေးတွေနဲ့တူသည်။
"ဒါတွေ အကုန်လုံးကို ကုကုဆန်ပိုင်တာလားဟင်"
ခေါင်းငြိမ့်ပြလိုက်တော့ "ဝါး" ဟူသောအာမေဋိတ်သံလေးနဲ့အတူမျက်လုံးလေးတွေကိုထောင့်ကပ်ကာ နှုတ်ခမ်းလေးထော်လိုက်တာကြောင့်သူမထင်မှတ်စွာဘဲငေးနေမိပြန်သည်။
YOU ARE READING
Used To [Zawgyi/Unicode]
RandomConnection between previous and present life🎈 Written by Acacia Mature Content