"Min ဘယ်မှာပုန်းနေတာလဲ ထွက်ခဲ့တော့လေ"
"Minရေ ကိုယ်လာပြီနော်"
တဖြည်းဖြည်းနီးကပ်လာတဲ့သူ့အသံကြောင့် ထောင့်ကွယ်မှာထိုင်နေတဲ့ကိုယ်လုံးလေးကို ပိုပြီးကျုံ့လိုက်မိသည်။
သူလာနေပြီ။ဟိဟိ။
"Minရေ တူပြီနော်"
"တူပြီ"
ဟာ သွားပြီ အသံကြားသွား၍ထင်သည်။
အော်လိုက်မိတဲ့ပါးစပ်လေးကို လက်လေးနဲ့အသာအုပ်လိုက်ပြီး သူ့ကိုလိုက်ရှာနေသူရဲ့နောက်ကျောပြင်ကို ခိုးကြည့်နေလိုက်သည်။ ခြေသံက သူရှိတဲ့ထောင့်ကွယ်နားကို ပိုပိုတိုးကပ်လာသည်ကို သတိပြုမိလိုက်သည်။
"အင့်"
ရုတ်တရက်အနောက်ကနေ နှာခေါင်းကိုလာအုပ်တဲ့ပုဝါစကြောင့် မျက်လုံးတွေပြူးထွက်သွားသည်။
မဟုတ်ဘူး ကယ်ပါဦး။
လည်ပင်းနဲ့မျက်နှာပေါ်မှာရှိနေတဲ့ သန်မာတဲ့လက်များကြောင့် လှုပ်ရှားမှုတို့ကအချည်းနှီးသာဖြစ်နေသည်။အသက်ရှူမဝဘူး အမြင်အာရုံတွေကထွေနေပြီ။
"Min!"
သူ့နာမည်ခေါ်သံအဆုံးမှာ သူ့ဆီကိုပြေးလာနေတဲ့လူသားတစ်ဦးရဲ့ပုံရိပ်ကို နောက်ဆုံးအဖြစ်တွေ့လိုက်ရသည်။
"Jeon ကျေးဇူးပြုပြီး"
အိမ်မက်ကနေ လန့်ဖျပ်ကာ Jiminထထိုင်လိုက်မိသည်။
တင်ပါးအောက်က ခပ်မာမာအခင်းကြောင့် ကြည့်လိုက်တော့ မနေ့ညကသတိလစ်သွားပြီး ကြမ်းပြင်ပေါ်မှာပဲ သူအိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။
ဒါဆို မနေ့ညက အဖြစ်အပျက်ကတကယ်ဖြစ်ခဲ့တာပေါ့။ စိတ်ကြီးလည်းညစ်ပါရဲ့ ဒီအိမ်ကိုအခုမှစရောက်တယ် အခုပဲပြဿနာတွေက တစ်ယောက်တည်းကိုတိုင်ပတ်လို့။
အိပ်ရေးလည်းမဝ၍ မကြည်မလင်ဖြစ်နေသောမျက်နှာထားနဲ့အပေါ်ထပ်က အိပ်ခန်းဆီတက်ခဲ့လိုက်သည်။
YOU ARE READING
Used To [Zawgyi/Unicode]
RandomConnection between previous and present life🎈 Written by Acacia Mature Content