"Hello မေမေ ဟုတ် သားအဆင်ပြေတယ်"
"အာ ဒီလိုပဲပေါ့ နည်းနည်းတော့အခက်အခဲရှိတာပေါ့ ဒါပေမဲ့စိတ်မပူပါနဲ့မေမေ သားနေတတ်ပါတယ်"
ဈေးကဝယ်လာတဲ့ အထုတ်ကြီးအထုတ်ငယ်အသွယ်သွယ်ကို မီးဖိုခန်းထဲမှာသေချာသိမ်းဆည်းရင်း ဖုန်းကိုနားနဲ့ပုခုံးကြားညှပ်ကာ စကားပြောနေရသည်။
"ဟုတ် မေမေ ကျန်းမာရေးဂရုစိုက်ဦးနော် ဖေဖေပြန်မလာသေးဘူးလား"
"ထင်ပါတယ် မေမေ့ယောကျာ်းကိုလည်းနားဖို့ပြောဦး ခုချိန်ထိအလုပ်နဲ့မေမေဆိုရင်တောင် အလုပ်ကိုရွေးမဲ့လူ"
"ဟုတ် စိတ်ချပါ ဒါဆို သားဖုန်းချလိုက်တော့မယ်နော်"
တီခနဲကျသွားတဲ့နောက် ဖုန်းပိတ်လိုက်ကာ အနီးအနားက စင်ပေါ်ကိုတင်ထားလိုက်သည်။
"သုံးထပ်သားကြော်ပြီးရင် ဘာချက်ရပါ့"
အေပရွန်အပြာရောင်ကို ခါးမှာစည်းလိုက်ပြီးဆေးကြောစရာရှိသည်တို့ကို ဆေးကြောလှီးဖြတ်သင့်သည်တို့ကိုလှီးဖြတ်လိုက်ပြီး ချက်ပြုတ်ရန်ပြင်ဆင်လိုက်သည်။ အေပရွန်အပြာဆိုတာ တကယ်တော့ မသုံးဖြသ်ဘဲအပိုပါလည်သည့် အင်္ကျီလက်ရှည်တစ်ထည်သာလျှင်ဖြစ်သည်။ ဤနယ်မြေမှာ အေပရွန်ဘယ်ကရပါ့မလဲ။
တစ်ယောက်တည်း မီးဖိုခန်းထဲမှာ ဟိုဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့ ချွေးဒီးဒီးကျအောင်ချက်နေရသည်။ အော် မိန်းမတွေဆိုရင် တစ်မိသားစုလုံးအတွက်ချက်ပြုတ်ရတာ ဘယ်လောက်တောင်ပင်ပန်းလိုက်လေမလဲ။
အရမ်းကျွမ်းကျင်ကြီး ချက်ပြုတ်တတ်တာမျိုးမဟုတ်ပေမဲ့ အရသာအစပ်အဟပ်တည့်အောင်တော့ သူချက်လိုက်သည်။
"ဟာ ကိုယ်ကျိုးတော့နည်းပြီ"
ဆန်ဟင်းချိုတည်နေချိန်မှာ ပျက်သွားတဲ့မီးကြောင့်ဇွန်းကိုင်ထားရင်းကနေ ဘာလုပ်လို့လုပ်ရမှန်းတောင်မသိဘဲ မှောင်မှောင်မဲမဲထဲ မတ်တပ်ကြီးရပ်နေမိသည်။
YOU ARE READING
Used To [Zawgyi/Unicode]
RandomConnection between previous and present life🎈 Written by Acacia Mature Content