5

3.3K 486 57
                                    

သူဘယ်​နေရာကို​ရောက်​နေတာလဲ?

​ဘေးပတ်​ပတ်​လည်​ကိုကြည့်​လိုက်​တော့ သစ်​ပင်​ဝါးပင်​တို့က တ​လောကလုံးကိုအစိမ်း​ရောင်​ပြောင်းသွား​စေနိုင်​သည်​အထိ အုပ်​မိုးလျက်​ရှိသည်​။

ပြီး​တော့​ရေကန်​ကြီးတစ်​ခု ကြီးမားပြီး ကျယ်​ဝန်းလှတဲ့​ရေကန်​ကြီးထဲမှာ စိမ်းပြာ​ရောင်​တလက်​လက်​ထ​နေတဲ့​ရေ​တွေက​ အပင်​ကြိုအပင်​ကြားဆီမှ ကျ​ရောက်​နေတဲ့​နေ​ရောင်​ပြောက်​ပြောက်​နဲ့အတူ ပုလဲ​လေး​တွေမြုပ်​ချည်​ပေါ်ချည်​ဖြစ်​နေသည့်​အလား။

အ​ရောင်​စုံဖူးပွင့်​နေကြတဲ့ ကြာပန်းတို့ကလည်း​ ရေကန်​ကြီးကိုအသက်​ဝင်​ကာ ပိုမိုကြွရွ​စေရန်​မြှောက်​ပင့်​ပေး​နေသည်​။

ဘယ်​ကို​ရောက်​နေမှန်းမသိတာ​ကြောင့်​ လမ်းလည်းမသိ ဘာကိုမှမမှတ်​မိဘဲ​ လက်​တန်းမလုပ်​ထားတဲ့ ရေကန်​ရဲ့တံတား​လေး​ပေါ်တက်​လာခဲ့လိုက်​သည်​။

​ခြေလှမ်းကို​သေချာကြည့်​တော့မှ သူစီးထားတဲ့ဖိနပ်​ဆီကို မျက်​လုံးက​ရောက်​သွားသည်​။ပြီး​တော့ ကိုယ်​ပေါ်မှာဝတ်​ဆင်​ထားတဲ့အဝတ်​အစား​တွေကို ထိကိုင်​ကြည့်​လိုက်​ကာ တံတား​ပေါ်​ပြေးတက်​ကာ​ ရေထဲကိုငုံ့ကြည့်​လိုက်​သည်​။

"ငါ ဘာလို့ ဒီအဝတ်​အစား​တွေဝတ်​ထားတာလဲ"

​ရေ​ပေါ်မှာ ပုံရိပ်​ထင်​နေတဲ့ ကိုယ့်​ကိုကိုယ်​စိုက်​ကြည့်​လိုက်​ပြီး အထူးအဆန်းဖြစ်​ကာ​ရေရွတ်​နေမိလိုက်​သည်​။

"ဟင် ဘာသံ​တွေလဲ"

ရုတ်​ချည်းဆိုသလို ဆူညံလာတဲ့လူသံ​တွေ​ကြောင့်​ ဘေးပတ်​ပတ်​လည်​ကို​ ခေါင်း​လေးပြုတ်​ထွက်​မတတ်​ကြည့်​နေမိ​သော်​လည်း လူဆိုလို့ သူ့အပြင်​ဘယ်​သူမှမရှိ။

ဒါ​ပေမဲ့....ဒါ​ပေမဲ့ တဖြည်းဖြည်းချင်း​ဝေ​ဝေဝါးဝါးအရိပ်​တွေ​ နေရာတိုင်းမှာ​ပေါ်လာတာကို​တွေ့လိုက်​ရတာ​ကြောင့်​ လူက​သွေးပျက်​ချင်​သွားသည်​။ဘာ​တွေလဲ တ​စ္ဆေတရဲ​တွေလား မ​ကောင်းဆိုးဝါး​တွေလား။

တ​ရွေ့​ရွေ့သွားလာလှုပ်​ရှား​နေကြတဲ့ အရိပ်​တွေက တဖြည်းဖြည်းပိုပိုပီပြင်​လာကြကာ လူသား​တွေဖြစ်​နေမှန်းသူသိလိုက်​ရသည်​။

Used To [Zawgyi/Unicode]Where stories live. Discover now