"သခင်ကြီးကလေ သိပ်သဘောကျဖို့ကောင်းတာပဲ ကျုပ်ဖြင့်သခင်ကြီးလိုယောကျာ်းကောင်းမျိုး မမြင်ဖူးပေါင်"
"မှန်တာပ ဒီနယ်တခွင်မှာ တို့သခင်ကြီးရှိနေတာ ဘုရားမတာပဲ ဒီခေတ်မျိုးမှာအေးအေးချမ်းချမ်းနေနိုင်တဲ့ပြည်သူတွေလက်ချိုးရေလို့ရတယ် ကျုပ်တို့သိပ်ကံကောင်းတယ်တော့"
အချင်းချင်းပြောနေကြတဲ့ မိန်းမကြီးနှစ်ယောက်ရဲ့ ဆိုင်ရှေ့မှာရပ်လိုက်ပြီး ဈေးဝယ်ရန်အလို့ငှါပြင်လိုက်သည်။
"ဟဲ့ ဈေးဝယ်လာနေတယ်"
"ကောင်လေး ဘာများလိုချင်လို့လဲ "
"ဟို ဒါလေး"
နီးရာကိုကောက်ပြီးလက်ညိုးထိုးတော့ ငရုတ်သီးခြောက်တွေဖြစ်လို့နေသည်။
"ဘယ်လောက်သားယူမလဲ ကောင်လေး"
"အကုန်ယူမယ်"
"ဟေ အကုန်လုံးလား "
"ဟုတ်ပါတယ် အကုန်ပါ"
ငရုတ်သီးခြောက်တွေအကုန်ယူမယ်ဆို၍ ဆိုင်ရှင်မိန်းမကြီးက သူ့ကိုမော့ကြည့်လာသည်။သူခေါင်းငြိမ့်ကာပြုံးပြလိုက်မှ မိန်းမကြီးလည်း ခပ်သွက်သွက်ထည့်တော့သည်။
"မင်းကို ဒီဈေးထဲမှာ မမြင်ဖူးဘူး ဘယ်နယ်ကလဲကွယ်"
"ဟုတ်တယ် ကျွန်တော်က ဒီဘက်ကမဟုတ်ပါဘူး ဒါနဲ့လေ တခုလောက်မေးလို့ရမလား"
အဒေါ်ကြီးကခေါင်းငြိမ့်ပြသည်။
"မေးလေ အဒေါ်သိသလောက်ဖြေပေးမယ်"
"စောနက သခင်ကြီးဆိုတဲ့လူက ဒီဈေးကို ခဏခဏလာတတ်လား"
"ဆာကာရှီသခင်ကြီးကိုပြောတာလား"
"ဟုတ်ကဲ့ အဲ့ဆာကာရှီသခင်ကြီးကလေ ခဏခဏလာတတ်တာလားဟင်"
"အဲ့လိုတော့လည်းမဟုတ်ဘူးကောင်လေးရဲ့ ခဏခဏတော့မလာတတ်ပါဘူး ဘာလို့လဲ"
"အဲ့ဒါ...ဒီတိုင်းသိချင်လို့ပါ ကျေးဇူးတင်ပါတယ် ဒီမှာပိုက်ဆံပါ"
YOU ARE READING
Used To [Zawgyi/Unicode]
RandomConnection between previous and present life🎈 Written by Acacia Mature Content