မြိုင်တောကြီးဆီမှတောကောင်တို့ရဲ့အော်သံတွေက ကျွတ်ကျွတ်စီနေသည်။ထိုစဉ်ရေတံခွန်ဘက်ဆီမှ ကြားလိုက်ရတဲ့အသံကြောင့်အစာစားနေတဲ့ သမင်လေးတစ်ကောင်ကြောက်အားလန့်အားဖြင့်ထွက်ပြေးသွားလေသည်။
တဝေါဝေါစီးဆင်းနေတဲ့ရေတံခွန်ချိုင့်ခွက်ကြီးအောက်ကို ပြုတ်ကျသွားတဲ့ လူရိပ်တစ်ခု။ပွက်ခနဲထသွားတဲ့ရေတွေကလေပေါ်ကို အရှိန်ပြင်းပြင်း ပျံတက်လာသည်။များမကြာမီမှာပင်ရေတံခွန်အောက်ခြေမှ ဝုန်းခနဲပေါ်လာသောအရိပ်တစ်ခု။
ခိုက်ခိုက်တုန်အောင်အေးစက်နေသည့်ရေတွေကြားမှထွက်ပေါ်လာတဲ့လူရဲ့လက်ပေါ်တွင်တော့ ကိုယ်ငယ်လေးတစ်ခုကတော့မေ့မြောလျက်။
ကိုယ်ငယ်လေးကိုပွေ့ချီကာ ကမ်းစပ်ဆီကို လှမ်းလာခဲ့လိုက်သည်။၎င်းတို့နှစ်ဦးနဲ့ အနည်းငယ်ဝေးသောနေရာတွင်တော့ရေစီးထဲမျောပါနေတဲ့လေးလက်နက်တစ်ခုကိုတွေ့နိုင်သည်။
ရေစပ်နားကကုန်းပေါ်ရောက်တော့ ကိုယ်ငယ်လေးကိုချကာ အသက်ရှူမရှူစမ်းသပ်လိုက်သည်။ခပ်မျှင်းမျှင်းသာရနေတဲ့ အသက်ရှူသံက အားရစရာမကောင်း။
သွေးထွက်လွန်နေပြီဖြစ်တဲ့ ဒဏ်ရာကို တချက်ကြည့်လိုက်ပြီး နှုတ်ခမ်းတွေကို ခပ်တင်းတင်းစေ့ထားလိုက်သည်။ဝတ်ရုံတစ်ခုလုံးတွင်ပြတ်ရှရာများရှိနေတာကြောင့်ရင်ဘတ်မှဆွဲဖွင့်လိုက်သောအခါ ထင်သည့်အတိုင်း ခန္ဓာကိုယ်အနှံ့အပြားတွင်ဆူးဒဏ်စသည်တို့ကြောင့်သွေးစို့နေလေသည်။
လူက ယခုလိုပျော့ဖတ်ဖတ်ပုံစံလောက်ရှိပြီး စံအိမ်ထဲကိုသေမှာမကြောက်ဘဲ ဝင်လာရဲသည့်ကောင်လေးကိုကြည့်ကာ့ နှုတ်ခမ်းတဖက်ကကော့တက်သွားသည်။
ပတ်ဝန်းကျင်ကို တချက်အကဲခတ်ကြည့်ပြီးတဲ့နောက်ကိုယ်ငယ်လေးကို ပုခုံးပေါ်ကောက်တင်လိုက်ပြီး နဂိုလာတဲ့လမ်းကြောင်းနဲ့ အနည်းငယ်ခြားနားသော ဖြတ်လမ်းဆီကိုလျှောက်ခဲ့လိုက်သည်။
YOU ARE READING
Used To [Zawgyi/Unicode]
AcakConnection between previous and present life🎈 Written by Acacia Mature Content