သည်းမခံနိုင်တော့ဘူးးး
သူ့ခြေတံရှည်တို့ကို ခပ်သွက်သွက် အလုပ်ပေးလိုက်သည်.
ညနေပိုင်းမို့ စင်တာအတွင်း အတော်အသင့် လူရှုပ်နေခြင်းက သူ့အား မျက်ချေဖြတ်ရန် အခွင့်ကောင်းကို ဖန်တီးပေးသည်.
နောက်သို့ တချက်ကြည့်ကာ ဘေးတဖက်ရှိ ကော်ဖီဆိုင်အတွင်းသို့ အသာဝင်ကာ ထောင့်ကပ်နေလိုက်သည်.
ထိုသူငယ် လာတော့မည်.
ဒီနေ့တော့ သူဖွင့်မေးမှဖြစ်တော့မည်
မည်သို့်သော ရည်ရွယ်ချက်ဖြင့် ဤသို့ဤနှယ် လုပ်ဆောင်နေသည်ကိုပေါ့." ကျစ်. . .
ဘယ်ရောက်သွားပြီလဲ မသိဘူးးး
အရိပ်တောင် မမြင်ရတော့ဘူးးး
ဒိုဂျောင်ဆူး ဒိုဂျောင်ဆူး
မင်းရဲ့ ခြေတံတိုလေးတွေက အခု ပြဿ နာပဲ. ."သူငယ်ပေါက်ဟာ ရှေ့ နောက်ဝဲယာ လှည့်ပတ်ကြည့်ရင်း ရှေ့ကြွေပြားခင်းကို ခပ်ဆတ်ဆတ် ကန်နေလေရဲ့
"ငါ့ကို ရှာနေတာလား"
သူ အပြောကြောင့် သူငယ်ပေါက်ဟာ ဆတ်ခနဲ မော့ကြည်လာသည်.
မမျှော်လင့်ထားဟန်နှင့် ပျော်ရွှင်သွားဟန်တို့က မျက်ဝန်းပြူးးပြူးတို့မှာ အထင်းသား.
ဒါပေမယ့်လည်း ဆက်ပြောလာသည့်စကားတွေက."ဘာတွေ လာပြောနေတာလဲ?
ခင်ဗျားနဲ့ ကျွန်တော်သိလို့လား
အဲ့အကွပ်တွေ ရိုးနေပြီနော်.
ဒိုဂျောင်ဆူးကို ဒါမျိုးလာရောလို့ မရဘူး"သူခိုးက လူပြန်ဟစ်ကာ သူငယ်ပေါက်က တပြန်လာအော်နေတာမို့ သူစိတ်ပေါက်လာသည်.
" ဒီမှာ သူငယ်ပေါက်
မင်း ငါ့ကို လိုက် stalk နေတာ ရပ်လိုက်သင့်ပြီ.""ကျွန်တော်က လိုက် stalk တယ်.
ဟုတ်လား?
ဘယ်သူ့ကို stalk တာလဲ?"သြော် သူမို့ မေးထွက်တယ် . .
"ကျစ်. . .
ဒီမှာ သူငယ်ပေါက်""ဒိုဂျောင်ဆူးးး
သားသားနာမည် ဒိုဂျောင်ဆူး"မျက်လုံးလေး ပေကလပ်ပေကလပ်နှင့် ဒိုဂျောင်ဆူးဆိုသည့် ထိုသူငယ်ပေါက်ဟာ အင်နိုးစင့် ပုံစံကို အပြည့်ဝဖမ်းထားလေရယ့်။
ဒါပေမယ့်လည်း သူသိနေသည်လေ.
သတိထားမိနေသည်က တစ်လ နှစ်လပင် မကတော့. . .