ဆိုးလ်တက္ကသိုလ်
အနုပညာ မေဂျာ မိသားစု
ဆုပေးပွဲနှင့် နောက်ဆုံးနှစ်ကျောင်းသူကျောင်းသားများအား နှုတ်ဆက်ပွဲ အခမ်းအနားဘွဲ့နှင်းသဘင်ခန်းမမှာ ကျင်းပတဲ့ နှုတ်ဆက်ပွဲအခမ်းအနားဟာ နာမည်ကြီးမေဂျာပွဲနေ့မို့ တော်တော်လေးကို လူစည်နေသည်.
လာကြည့်သူတွေရော ၊ ကိုယ်တိုင်ပါဝင်ဖျော်ဖြေသူတွေရောနှင့် လူတွေက ခန်းမထဲမှာ ပျားပန်းခတ်လျက်.ခုချိန်ဆို ပိုဆိုးသည်.
ရိုးရာကပွဲအစီအစဉ်များပြီးသွားပြီမို့ လူကပိုစည်လာပေပြီ.
စာသင်သည့် ဆရာတယောက်ပေမို့ ဆရာများနေရာတွင် ကြည့်ရ၍သာ တော်တော့သည်.
မဟုတ်လျှင်တော့ လူတိုးတာနှင့်ပင် သေလိမ့်မည်.ချန်ယောလ် ခုလို ကျောင်းပွဲတွေကိုဆို အရင်က မကြည့်တတ်.
သို့ပေမယ့်လည်း ခုချိန်မှာတော့ ကျောင်းရှိ မေဂျာကုန် ပွဲတိုင်းအကုန်သွားရသည်.
မသွားချင်ပေမယ့်လည်း စိတ်ကိုတင်းကာ သွားကို သွားရသည်.
သွားရသည့် အကြောင်းကလည်း ရှိသည်.ဟိုအယုတ်တမာလေး ဒိုဂျောင်ဆူးကြောင့်ပေါ့...
သူ က လူထူထူနှင့် ဟေးလားဝါးလား လုပ်ရသည်ကို အတော်ကြိုက်သည်.
စင်ပေါ်တွင် ကောင်မလေးများက စကပ်တိုတိုလေး ၊ဘောင်းဘီတိုတိုလေးတွေများ ဝတ်ကာ ကလျှင် စင်အောက်ကနေ တဝူးဝူးတဝါးဝါးအော်တတ်သည်.
ကသည့် ကောင်မလေးသည် တော်တော်ပင် လှနေပြီဆိုလျှင် ပန်းကုံးတွေ အရုပ်တွေပင် စင်ပေါ်တက်ကာ ပေးတတ်သေး.
ရုပ်လေးနှင့်ပင် မလိုက်အောင် ဗရုတ်ကလည်း ကျသေးသည်.ခုခေတ်ကျောင်းသားတွေကလည်း အတော်ဆိုးသည်.
ဂျောင်ဆူးလို ဗရုတ်ကျတတ်သူက အများသားပင်.
ဂျောင်ဆူးသည် သူ့လို ဗရုတ်သမား ကောင်လေးလေးများနှင့် ကျောင်းပွဲတိုင်းတွင် ဝေးဝေးဝါးဝါးလုပ်တတ်သည်ကလည်း ထုံးစံ..
ထိုထုံးစံကြောင့်လည်း ချန်ယောလ် ပွဲတွေအကုန်လိုက်နေရခြင်းပင်.ဂျောင်ဆူးသည် စာဖတ်သူတို့ သိသည့်အတိုင်းပင်.
ရုပ်ကလေးကလည်း ရှိ .
တခါတလေ ဆိုးတတ်တာလေးကလွဲရင် စိတ်ထားလေးကလည်း ကောင်းသူမဟုတ်လား.
ချန်ယောလ် ပြီးခဲ့သည့်အပတ်က သတင်းတခု ကြားခဲ့ရသည်.
ဂျောင်ဆူးတွင် ချန်ယောလ်ရှိမှန်း သိရက်နှင့်ပင် စနှိုက်ချင်နေသော အကောင်တကောင်သည် မေဂျာပွဲများကို ခုတုံးလုပ်ကာ ရင်းနှီးမှု ရအောင် လုပ်မည်တဲ့လေ.
ခိုင်မာသည့် သတင်းရပ်ကွက်က လာသည့် သတင်းမို့ လျစ်လျူ ရှုကာ မနေရဲ.
ဂျောင်ဆူးလေးကို ယုံပေမယ့် ဟိုစနှိုက်ကောင်က အတင်းစွဲဆောင်သွားရင် ချန်ယောလ် ဘယ်လိုလုပ်ရပါ့.
စနှိုက်ကောင်နောက် ဂျောင်ဆူးပါသွားမည် စိုးသောကြောင့်သာ ချန်ယောလ် သည်းခံ၍ ဂျောင်ဆူးနှင့်အတူ ကျောင်းပွဲတွေ အကုန်တက်နေရခြင်းပင်.