ခံစားရသည်.
ကိုကို ပတ်ချန်ယောလ် အား တရက်တခါပင် နပ်မှန်အောင် မမြင်ရသည်က ဒိုဂျောင်ဆူးလေးကို
အကြီးအကျယ် ခံစားရစေသည်.လွမ်းဖျားလွမ်းနာ ကျနေသည်မို့ အစားပင်ကောင်းကောင်းမဝင်.
ဝိတ်တောင် ကျသွားသလိုလိုရှိသည်.
ပေါင်ဝက်လောက်ပေါ့.ရေရှည်တာ ဒီလိုလွမ်းနေရမည်ဆိုရင်တော့ မလွယ်သည်မို့ ကိုကိုချန်ယောလ်အနား အမြဲနေနိုင်အောင် ကြံရပေတော့မည်.
မိမိသည် ဒိုဂျောင်ဆူးပေမို့ ကြံတိုင်အောင် ဆောင်တိုင်းမြောက် လေသည်ကို သိပေသည်မို့လား...
................................................
ရှာသောသူ ကြာရင်တွေ့
ဟူသော စကားအရ ဂျောင်ဆူး ရှာဖွေနေသော ကိုကိုချန်ယောလ်အနား နေနိုင်စေမည့် အခွင့်အရေးတို့သည် ဂျောင်ဆူးလက်ဝယ်၌ ကျောင်းညစာစားပွဲ ဟူသော ခေါင်းစဉ်နှင့် ဆင်းသက်ကြလေသည်.တိုင်စာတန်ခိုးနှင့် အတန်းချိန်မှန်မှန်တက်လေသောကြောင့် ဌာနရှိ ဆရာဆရာမ တို့၏ လက်စွဲတော် မရှိမဖြစ် ဆူး ဖြစ်လာသည်က သိပ်မကြာသေး.
ဌာန၏ မရှိမဖြစ် ဆူး ဖြစ်လာသည်နှင့်အမျှ
စီနီယာ အကို အမတို့၏ အသည်းကျော် ဆူးလေးလည်း ဖြစ်လာပေသည်.ဤသို့သာ ဖြစ်ရပေမည်ပေါ့.
ဒိုဂျောင်ဆူးဆိုတာက ရုပ်ခံလေးလည်းရှိ
အပြောလေးကလည်းကောင်း လူတိုင်းနှင့် သင့်တင့်မျှတအောင် ပြောတတ်ဆိုတတ် နေတတ်ထိုင်တတ် ပေါင်းတတ်သင်းတတ် လူရိုးလူကောင်း လူချစ်စရာ လူလိမ္မာလေး ပေပဲကို.မရှိမဖြစ် ဆူးပေမို့ ဌာန၏activities တွင် စီနီယာများနှင့် ရောကာ လုပ်ဆောင်ရတတ်သည်.
ထို့သို့ လုပ်ဆောင်ရပေသည်မို့လည်း ကိုကိုချန်ယောလ် နှင့် အနေနီးအောင် လုပ်နိုင်မည် ဖြစ်သည်.ဟင်း...ဟင်း...ဟင်း
စောင့်နေပါ ကိုကိုချန်ယောလ်...
ကိုကိုချန်ယောလ်ဆီကို ဆူးလေးက လာခဲ့မယ်.
ပြီးရင်တော့...ဟွား.... ဟွား...ဟွား
.................................................အနုပညာ ဌာန၏ dinner party သို့ ကျောင်းရှိ ဆရာ ဆရာမ များအား လူစုံဖိတ်ကြားထားသည်မို့ သူ ပွဲသွားတက်ရမည်.
သို့သော်...မသွားချင်ပေ.