That's ok.It's love-5

1.8K 192 21
                                    

ချန်ယောလ် နိုးလာတော့ ခေါင်းက တဆစ်ဆစ်ကိုက်နေသည်.
မနေ့ညက ဘာသောက်မိသည်မသိ.
သောက်သည့်အခါတိုင်း သတိလွတ်တတ်တာမို့ ချန်ယောလ်မသောက်တော့တာ အတော့်ကိုကြာပြီဖြစ်သည်.

ခေါင်းကိုက်နေသော်လည်း အိပ်ယာမှအသာထကာ ဘေးဘီကို ဝေ့ဝဲကြည့်တော့ သူ့အခန်းမဟုတ်.
အနည်းငယ် လန့်သွားသည်မို့ အခန်းအပြင်ထွက်ကြည့်တော့မှ ဟိုတယ်တခုတွင် ရောက်နေကြောင်း သူသိတော့သည်.

အခန်းထဲသို့ ဝင်ကာ ကားသော့ နှင့် ပိုက်ဆံအိတ်ကို ရှာကြည့်တော့လည်း မတွေ့.
ဖုန်းသာ ရှိသည်.

ဒုက္ခပဲ.
ဒီဟိုတယ်ကိုလည်း ဘယ်လိုရောက်လာသည်မသိ.
စိတ်ညစ်ပါတယ်ကွာ.
အကောင်ပေါက်များ သူ့ကို ဒီပို့လေသလား?
သူ့အိမ်ကို မသိလို့ အကောင်ပေါက်က ဟိုတယ်ကိုပဲ ပို့ထားသလား?
OMG!
သူ့ပို့ထားတာဆို ငါ့ကိုများ တခုခု လုပ်ထားလေဦးမလား?
အတွေးတွေကြောင့် ချန်ယောလ်ကိုယ့်ခန္ဓာကိုယ်ကို ဟိုဟိုဒီဒီ စမ်းကြည့်ရသေးသည်.
အကောင်ပေါက်ဆိုသည်က ယုံရသည့်အမျိုးမဟုတ်.
လူတကိုယ်လုံး ဥာဏ်ဆိုးဥာဏ်နက်တွေ ပြည့်နေသည့် မှင်စာတကောင်သာ.
ခန္ဓာကိုယ်တွင် ထူးထူးခြားခြားဘာမှ မတွေ့မှသာ သူ သက်မချနိုင်တော့သည်.

ကားသော့နှင့် ပိုက်ဆံအိတ်ကို အတန်ငယ်ကြာအောင် ရှာသော်လည်း မတွေ့သည်မို့ စိတ်ကအနည်းငယ် တိုလာလေပြီ.

ထိုအချိန်မှာပဲ ဖုန်းဝင်လာသည်မို့

"ဟဲလို."

"Sam...
နိုးနေပြီလား.
နိုးနေရင် မုန့်မှာစားထားနှင့်လေ.
ခဏနေရင် ကျွန်တော် လာခေါ်မယ်"

"မင်းက ဘယ်သူ"

ဘယ်သူဘယ်ဝါဟု သူမခန့်မှန်းနိုင်တာကြောင့် သူမေးခွန်းထုတ်မိသည်.
ကြည့်ရတာ မနေ့ညက ဒီကို ပို့ပေးသွားသည့် ကျောင်းသားတယောက်ယောက်သာ ဖြစ်လိမ့်မည်.
အကောငိပေါက်တော့ သေချာပေါက် မဖြစ်နိုင်.
ထိုအကောင်ပေါက်က sam လို့ ခေါ်မည့်အမျိုးမဟုတ်.
ကိုကို ချင်းထပ်အောင် ခေါ်ကာ သူ့အား အခွင့်အရေးယူမည့် အမျိုးပင်.

"ကျွန်တော်က အနုပညာမေဂျာက ကျောင်းသားခေါင်းဆောင်ပါ... sam.
မနေ့က sam နဲ့ ကျွန်တော်တို့မေဂျာက အငယ်တယောက်နဲ့ ပြဿ     နာ နည်းနည်းရှိနေလို့ပါ...

 That's Ok.It's Love.Where stories live. Discover now