ကိုကိုချန်ယောလ်သည် ချေလွန်းသည်.
ဟောဒီက ဒိုဂျောင်ဆူးလေးက မုန့်ခွံကျွေးလျှင် မစားတတ်.
ကိုယ့်ကိုယ်သာ စားစမ်း ဟု ပြောကာ ရှောင်သွားတတ်သည်.Couple things တွေ ဝယ်ရအောင်ဟု တောင်းဆိုလျှင်လည်း ကလေးကလားဟုဆိုကာ ငြင်းတတ်သေးသည်.
ရုပ်ရှင်အတူကြည့်ရအောင်ဟု ပြောလျှင် အိမ်မှာ TV ရှိတယ် ဟုဆိုကာ ရှောင်လွဲတတ်သည်.
သူငယ်ချင်းတွေနှင့် တွေ့ပေးမည်ပြောလျှင် မအားဘူးဟု အကြောင်းပြကာ မလာတတ်ပေ.
နှစ်ယောက်တည်း ခရီးထွက်ရအောင် ဟု တောင်းဆိုလျှင် ပင်ပန်းသည်ဟု ဆိုကာ ဘယ်တော့မှ လက်မခံတတ်.
ကိုရီးယာကားတွေထဲကလို တယောက်လက် တယောက်တွဲကာ ချယ်ရီလမ်းတလျောက် ၊ ကမ်းခြေတလျောက် လမ်းလျှောက်ကာ ကြည်နူးဘူးချင်ပေမယ့် ကျောင်းထဲတွင် အတင်းလက်ကို တွဲကာလျောက်မိသည့်အခါက မင်း နောက်တကြိမ် အဲ့လိုလုပ်ရင် အပြတ်ပဲ.
မင်းကြိုက်သလို လုပ် ဟု သတိပေးခံခဲ့ရထူးတာကြောင့် ဘေးချင်းကပ်တောင် မလျှောက်ရဲ့ခဲ့.ကိုကိုချန်ယောလ်နှင့် မတွဲခင်ကာလကမှ ဂျောင်ဆူးစိတ်ထင်ရာတွေ လုပ်ခွင့်ရခဲ့သေးသည်.
ခုချိန်မှာတော့ ဂျောင်ဆူးတွေးထားသည့် စိတ်ကူးထဲက relationship နဲ့ လားလားမှပင် မဆိုင်.ဂျောင်ဆူးထင်ခဲ့သည်က ကိုကိုချန်ယောလ်သည် အထိအတွေ့တွေ အတူနေသည်ကြာလာတော့ မိမိအား ချစ်လာလိမ့်မည်.
မိမိအပေါ် ပျော့ပြောင်းလာလိမ့်မည်ပေါ့.
အမှန်တကယ် လက်တွေ့မှာတော့....နောက်တခုရှိသေးသည်.
ကိုကိုသည် ဂျောင်ဆူးအား သူ့အခန်းထဲသို့ ယောင်လို့ပင်မခေါ်.
သူ့အခန်းထဲသို့ ရောက်ဖူးလိုကြောင်း အရိပိအမြွတ်အမျိုးမျိုးနဲ့ စကားလမ်းကြောင်းတွေ ပေးပေမယ့် ကိုကိုသည် အခန်းထဲသို့ ယောင်လို့မျှ ပင် မခေါ်ခဲ့.ကိုကိုဂျောင်ဆူးအား ပြောခဲ့သည်က စကားတခွန်းသာ.
"မင်းပြောတဲ့ ကာလတခုကြာတဲ့အခါ အလွယ်တကူထွက်သွားနိုင်ဖို့ မင်းပြင်ဆင်ထားပါတဲ့"
-----------–-------------/---------------
A/NEp no.ကို သေချာကြည့်ပြီးမှ ဖတ်ကြနော်
ဒါက ep 8 ပါ
အပေါ်အပိုင်းက ep 9 ပါ