ခြောက်လ.
ရက်ပေါင်း ၁၈၀
နာရီပေါင်း ၄၃၂၀
မိနစ်ပေါင်း ၂၅၉၂၀၀ဒီလောက်အချိန်ကာလရှိမှ ဂျောင်ဆူး ကိုကို့အခန်းထဲကို ဝင်ခွင့်ရလေသည်.
ကိုကိုနဲ့ တွဲတဲ့အချိန်ကစ အိမ်မပြန်တော့ပဲ ကိုကို့အိမ်မှာသာ နေခဲ့သည်.
ကိုကိုက သဘောမတူပေမယ့် ကိုကို့ကြီးတော်ကြီး နားချတော်မှုကြောင့် ဂျောင်ဆူးလေး ကိုကို့အိမ်တွင်ဆက်နေလို့ ရခဲ့သည်.ဂျောင်ဆူးရဲ့အိမ်ကိုတော့ တစ်လတခါသာ ပုံမှန်ပြနိပြီး အိမ်တော်ထိန်းကြီးကို မျက်နှာပြသွားရလေသည်.
မိမိမှာ ကျန်းကျန်းမာမာနှင့် ရှိနေကြောင်းပေါ့..
မားမားနားသို့ သတင်းကောင်းရောက်မှသာ မားမားက ဂျောင်ဆူးအား အလွတ်ပေးမည်မို့လား.
တခါတလေတော့လည်း မားမားနှင့် လေးငယ်ကို လိမ်ကာ ကိုကို့အနားတွင် နေမိသည်က မှားနေပြီလားဟု ဂျောင်ဆူးတွေးမိသည်.ကိုကိုသည် ဂျောင်ဆူးနှင့် စကားအရတွဲနေသော်လည်း တကယ်တော့ သံယောဇဉ်တောင် ရှိပုံမရ.
မတွဲခင်အခြေအနေနှင့် တွဲပြီးအခြေအနေသည် ဘားမှမထူးခြား.
ကိုကိုသည် ဂျောင်းဆူးကိုဆို အရင်လို ရှောင်မြဲပင်.
မေးငေါ့ကို တိုက်ခိုက်ချင်သည့် ပတ်ဝန်းကျင်ကို မျက်နှာပြောင်တိုက်ကာ ကိုကိုနှင့် ရွှေလက်တွဲချငိသော်လည်း တဖက်လူမှာ တုတ်တုတ်မျှပင် မလှုပ်ခဲ့...
ကိုကို တကယ်ပဲ ဆူးကို ချစ်မလာနိုင်တော့ဘူးလား?
တွေးရင်း ရင်ထဲတွင် ရွှေမိုးညိုသည်....-------------------------------------------
ကိုကိုသည် သူ့အခန်းထဲသို့ ဂျောင်ဆူးအား ဝင်ခွင့်ပြုလိုက်ပြီမို့ ဂျောင်ဆူးအခန်းရှင်းရန် ဝင်ခဲ့သည်.
ကိုကိုလည်း အပြင်သွားလို့ပါလေ..
မဟုတ်ရင် ဂျောင်ဆူး မဝင်ရဲပါဘူး.
အရင်လို မပြောဆိုတော့ပေမယ့် မကြည်ဖြူ
တဲ့ ကိုကို့ရဲ့ မျက်နှာအမူအရာတွေက ဂျောင်ဆူးကို အနေရခက်စေသည်လေ.
ဒါကြောင့် ကိုကိုမရှိသည့် အချိန်မှသာ ဂျောင်ဆူးဝင်လာခြင်းဖြစ်သည်.
အခန်းရှင်းရန်ဟု အကြောင်းပြကာ ဝင်လာသော်လည်း အမှန်တကယ်က ကိုကို့အခန်းအပြင်အဆင်ကို သေချာသိမိချင်၍သာ.
ကိုကိုက သူ့အခန်းထဲ ဆန္ဒရှိရင် ဝင်ကြည့်လို့ရတယ်ဟု ပြောသည့်အချိန်တုန်းက ထခုန်မတတ်ပျော်ခဲ့သော်လည်း ကိုကိုဆက်ပြောသည့် စကားကြောင့် ဂျောင်ဆူးတခါမှ မဝင်ဖြစ်ခဲ့သေး.
ကြီးတော် တောင်းဆို၍ ခွင့်ပြု သည်တဲ့လေ..