That's ok.It's love-7

1.4K 149 22
                                    

"ဒို...ဂျောင်...ဆူး.....
မင်း....
လူယုတ်မာ....နှာဘူးကောင်"

"................... "

"အဲ့ video file ကို ဖျက်လိုက်စမ်း"

ကိုကိုချန်ယောလ်က ဒေါသတကြီးနှင့် အော်နေသော်လည်း မိမိမှာ အခွက်ပြောင်သူ ဒိုဂျောင်ဆူးဖြစ်သောကြောင့်.

"ကိုကိုကလည်း ဖျက်ဖို့ဆန္ဒရှိရင် အစကတည်းက ဘယ်ရိုက်ခဲ့ပါ့မလဲ..
ဒီ file ရဖို့ ဘယ်လိုတွေတောင် ကြိုးစားခဲ့ရတယ်ဆိုတာကို ကိုကို မသိဘူးနော်.
ဆူးလေး ပြောပြလိုက်ရင် ကိုကို ဖျားသွားနိုင်တယ်သိလား.

လူတွေအများကြီးကို အကူညီတောင်းပြီးတော့ ဝိုင်ဝန်းကြိုးပမ်းပြီးမှ ရထားတဲ့ အောင်မြင်မှုလေးကို ကိုကိုက တကယ်ပဲ တန်ဖိုးမထားဘူးလား"

ဂျောင်ဆူးပြောသောစကားတို့ကြောင့် ပါးစပ်ဟောင်းလောင်းနှင့် စပိလက် ဖြစ်ရသူမှာ ချန်ယောလ်ပင်.
ဒီကလေး ဘယ်သူတွေကို ဘယ်လိုတွေများ စည်းရုံးခဲ့သနည်း?
သေချာပေါက်ကို ကိုယ့်ကြီးတော်ကြီး ပါလိမ့်မည်.
ကိုယ့်အခန်းထဲ ဝင်လို့ရသူမှာ တအိမ်လုံးပြေးကြည့်မှ ကြီးတော်နှင့် ကိုယ် နှစ်ယောက်သာ ရှိတာမို့.....

ချန်ယောလ် စိတ်ကို အသာလျော့ကာ သက်ပြင်းတို့ကို ခပ်ဖြည်းဖြည်းချလိုက်သည်.

"Ok...
ဂျောင်ဆူး...
မင်း ဘာဖြစ်ချင်တာလဲ.
ဒီ video ကို ဘာအတွက်ရိုက်တာလဲ .
အဲ့တာပြောတော့."

ဆိုတော့မှ သကောင့်သားလေးက မျက်လုံးလေးမော့ကြည့်ကာ

" ဆူးနဲ့ တွဲပေး...
ဆူးချစ်သူ ဖြစ်ပေး...
ဆူးကို ဂရုစိုက်ပေး...
ဆူးကို သဝန်တိုပေး...
ဆူးကို စိုးရိမ်ပေး....
ဆူးနားမှာ ရှိပေး...
ဆူးကို ကာကွယ်ပေး..
ဆူးကို  ကိုကို့ရဲ့ နံရိုးလေးတချောင်း ဖြစ်ခွင့်ပေး..."

ဖြစ်ချင်တာတို့ကို ဆက်တိုက်ဆိုသလို ပြောလာကြည့် ဂျောင်ဆူးကို ကြည့်ကာ

" မင်းရဲ့ နံရိုးတချောင်းကိုရော မရှာတော့ဘူးလား?
မင်းရဲ့ နံရိုးလေးတချောင်းကို ပြန်တွေ့တဲ့ အခါ မင်းဘယ်လိုလုပ်မှာလဲ"

 That's Ok.It's Love.Where stories live. Discover now