" သူဟာ ဗီယက်နမ်နိုင်ငံရဲ့ သားကောင်း.
သင်္ဘောသား ကုန်းပတ်တိုက်၊ စားဖိုမှုး၊ စာရေးဆရာ၊အယ်ဒီတာ၊နိုင်ငံရေးသမား၊အကျဉ်းသား၊ကျောင်းဆရာ၊နိုင်ငံတော် သမ္မတ ဘဝမျိုးစုံမှာ ကျင်လည်ခဲ့တဲ့သူ.
ရဲရင့်တယ်၊တည်ကြည်တယ်၊လောဘကင်းတယ်.
သူအတောမသတ်နိုင်သည်အထိ လိုချင်မက်မောခဲ့တာက တခုတည်းး
အဲ့ဒါက... "" မိန်းမ"
ရယ်သံအုပ်အုပ်တို့က ခပ်တိုးတိုးထွက်လာသည်.
သောက်ကလေးးး
ဒီအဖြေဟာ ဘယ်သူ့ဆီက ထွက်လာသည်ဆိုတာကို သူသေချာသိသည်.အနုပညာ အတန်းနှင့် နိုင်ငံရေးသိပ္ပံ သည် လားလားမျှမဆိုင်သော်လည်း သူ့အချိန်ဆိုလျှင် အတန်းမှန်လွန်းသဖြင့် ထိုကလေးအား သူမှတ်မိနေပြီ.
ပြဿ နာကောင်လေး." ဘာလို့ အဲ့ဒီလို တွေးရတာလဲ သား"
ခြားနားချက်တခုကို ထိုကလေးသိစေရန် သား ဟု ခေါ်ပေးလိုက်သည်.
"သူက လူပျို ကြီးမို့ပါ ကိုကို.အဲ ..ဆရာ"
ပြုံးဖြဲဖြဲ မျက်နှာနှင့် ပြန်ဖြေလာပုံက ကိုင်ဆောင့်ချင်စရာ.
ချစ်စရာမျက်နှာလေးနှင့် မလိုက်အောင်ပင် မျက်နှာပြောင်လွန်းသောကြောင့် ဒိုဂျောင်ဆူး ဆိုသည့် ထိုသူငယ်ကို တနေ့တခြား ပိုပိုကြည့်မရဖြစ်လာသည်.ခုလည်း ကြည့်
ဟိုချီမင်၏ ခေါင်းဆောင်စိတ်ဓာတ်နှင့် နိုင်ငံရေးသဘောတရားပါးနပ်မှုကို သင်ပြရန် ပျိုးနေသော သူ၏ စကားကို အညွှန့်ချိုးသည်.သောက်ပြဿ နာကောင်လေး
"ဟုတ်ပါပြီ...
ဒါဆို ခု ဆရာက ဘယ်သူ့ကို ညွှန်းမယ်ဆိုတာ သားက သိတယ်ပေါ့.
ပြောပါဦး သူက ဘယ်သူတုန်း?""ဟင့်အင်း
သား သိပါဘူး"မျက်လုံးလေးပြူးးကား ခေါင်းတရမ်းရမ်းနဲ့ ဖြေနေပုံက စိတ်ကြည်နေရင်တော့ အတော့်ကို ချစ်စရာကောင်းသည်ဟု ထင်မိမှာ မှန်သော်လည်း အခုအခြေနေက ရင်ထဲတွင် ဒူးရင်းသီးများသာ အပြွတ်လိုက် အခိုင်လိုက် သီးနေသည်မို့...
"ဒိုဂျောင်ဆူးးးးး
သွားးးးမင်း ခု အတန်းအပြင်ထွက်"အသားကုန် အော်ကာ အတန်းပြင်ထွက်ခိုင်းသည်မို့
ရွှေမျက်နှာတော် ဆူကာအောက်ကာနှင့် ပါးစပ်မှလည်း ပွစိပွစိ ရေရွတ်ကာ ကုတ်ကုတ် ကုတ်ကုတ်နှင့် ထွက်သွားလေသည်.