လူသွားလူလာများသောမြို့လယ်ခေါင်ရှိကားများကြပ်
တည်းစွာနှင့်စည်ကားလှသောစျေးဆိုင်များအကြား
ကောင်လေးတစ်ယောက်စိတ်ပျက်လက်ပျက်ဖြင့်
လျှောက်သွားနေသည်။နာမည်ကြီးကျော်ကြားအောင်မြင်ချင်သော်လည်းမိဘများကလက်မခံနိုင်သောကြောင့်တိတ်တခိုးလုပ်
ဆောင်လာခဲ့ရာဝင်ရောက်ယှဉ်ပြိုင်သမျှပြိုင်ပွဲတိုင်းတွင်
ရှုံးနိမ့်ခဲ့သည်။တကယ်တော့သူ့အရည်အချင်းဟာအညံ့ထဲမှာတော့
မပါပေ။မိဘတွေမကြိုက်သော်လည်းငယ်ငယ်ကတည်းက
ဝါသနာပြင်းထန်လွန်းသောကြောင့်အခန်းထဲတွင်တစ်
ယောက်တည်းတိတ်တဆိတ်ရှိသမျှသီချင်းတိုင်းရဲ့
အကကိုနားကြပ်တပ်ကာမိဘများမသိအောင်ခိုးခိုး
ပြီးလေ့ကျင့်လေ့ရှိသည်။Youtube မှတင်ထားသော Dance tutorial များအား
လုံးကို download ဆွဲကာ self study သင်ယူခဲ့ဖူး
သည်အထိ Kim Jungwoo မှာအလွန်အင်မတန်မှ
ဝါသနာပြင်းလှသည်။သို့သော်လည်းမိဘများ support မပေးသောကြောင့်
စိတ်ဓာတ်ကျကာဝင်ရောက်ယှဉ်ပြိုင်သမျှ entertainment တိုင်းကငြင်းပယ်ခြင်းကိုခံခဲ့ရသည်။အိမ်ကနေ့တိုင်းဆူပူကြိမ်းမောင်းမှုတွေကသူ့ရဲ့ဖြစ်ချင်
စိတ်ကိုမှိုင်းကျစေခဲ့သည်။စိတ်ဓာတ်ကျနေတဲ့ Jungwoo ဟာမြို့လယ်ခေါင်တစ်
ဝိုက်စိတ်ပျက်လက်ပျက်နဲ့ပင်လျှောက်သွားနေမိသည်။လျှောက်သွားနေရင်းငယ်ရွယ်စဉ်အခါကအဖြစ်အပျက်
ကိုတွေးကြည့်မိပြန်သည်။-flashback-
"Jungwoo နင်ဒါတွေလုပ်နေပြန်ပြီလား? ကိုယ့်ဘဝ
အတွက်အရေးပါမယ့်စာပဲလုပ်ပါဆို အချိန်ပြည့်ကပဲ
ကနေတယ်""....."
ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို support မပေးပဲသူတို့ဖြစ်စေချင်တဲ့ဆရာဝန်ဖြစ်ဖို့အတွက်စာပဲအတင်းကြိုးစားခိုင်း
နေတော့ Jungwoo လည်းအရမ်းစိတ်ပျက်ရတယ်။Jungwoo ကငယ်ငယ်ကတည်းကကျောင်းမှာစာ
တော်လို့အဆင့်တစ်အမြဲရသူဖြစ်တယ်။အဲ့လိုအဆင့်တစ်အမြဲရသောကြောင့်မိဘများကဆရာ
ဝန်ဖြစ်စေချင်မိပြီးဆရာဝန်ဖြစ်ရန်တိုက်တွန်းလေတော့
တယ်။

YOU ARE READING
ကကြိုး
Fanfictionအကကို မြတ်နိုးသလို မင်းကိုလည်း မြတ်နိုးတယ်။ ငါ လှုပ်ရှားလိုက်တဲ့ ကကွက်တိုင်းက မင်းဆီ ဦးတည်တယ်။ မာယာများတဲ့ ကကြိုးတွေကို ခုန်မင်သလို မင်းရဲ့ အထိအတွေ့တွေကို ခုန်မင်တယ်။