သုံးပွင့်ဆိုင်အကြည့်ချင်းတွေဆုံနေရာမှ CEO Lucas ဘက်ကမှခက်ထန်တဲ့စကားတစ်ခွန်းစလိုက်သည်။
"ဒါဘာလုပ်နေကြတာလဲ!?"
"...."
"...."
Kun နဲ့ Jungwoo တို့နှစ်ယောက်လုံးနှုတ်ဆိတ်နေပြီး Lucas ကိုတောင်မကြည့်ရဲကြပေ။
ခေါင်းငုံ့ကာနှစ်ယောက်လုံးတိတ်ဆိတ်နေကြသည်။
"မေးနေတယ်လေ!!"
"...."
Jungwoo ဘက်ကနှုတ်ဆိတ်နေသေးပေမယ့် Kun ဘက်ကနေဖြေရှင်းချက်ပေးလိုက်သည်။
"Personal ကိစ္စပါဗျ.."
Personal လို့ပြောလိုက်တာကြောင့် CEO Lucas ဟာမျက်မှောင်ကြုံ့၍အမြင်မကြည်ဖြစ်သွားသည်။
သို့သော် personal ဆ်ိုတာ CEO မကလို့အစိုးရကတောင်ဝင်ပြီးစွက်ဖက်လို့မရတာကြောင့်ဘာမှပြန်မတုံ့ုပြန်ပဲအခန်းထဲမှထွက်သွားသည်။
ထို့နောက်ခေါင်းငုံ့မြဲငုံ့နေတဲ့ Jungwoo လည်း Kun ကိုမော့ကြည့်လာသည်။
Kunလည်းစာနာမျက်ဝန်းများဖြင့် Jungwoo အားကြည့်ကာတစ်ဖန်ထပ်ဖက်လိုက်ပြန်သည်။
Jungwoo ဘက်ကလည်းဖက်ကာမျက်ဝန်းဝမှမခြောက်တစ်ခြောက်မျက်ရည်များအားထပ်မံသုတ်လိုက်သည်။
"ဘာမှစိတ်မပူပါနဲ့ Jungwoo ဒီတစ်ခေါက်လူရွေးပွဲမှာလည်းသေချာပေါက် Jungwoo ကပါမှာပါ.. ကိုယ်မင်းကိုယုံတယ်.."
"....."
Kun နှစ်သိမ့်ပေး၍ Jungwoo မျက်နှာလည်းနည်းနည်းလန်းလာသည်။
"ကျေးဇူးတင်ပါတယ် hyung.. ကျွန်တော်အကောင်းဆုံးကြိုးစားမှာပါ.."
"Omm Jungwoo.. ခဏအနားယူပြီး Dance Practice အခန်းထဲမှာတွေ့မယ်နော်"
"ဟုတ်"
ထို့နောက် Jungwoo လည်းသူ့အခန်းဆီပြန်ကာအနားယူရင်းအိပ်ပျော်သွားသည်။
CEO Lucas လည်းရုံးခန်းထဲတွင်နေရာတကျထိုင်ရင်းကော်ဖီသောက်ကာနေ့လည်ကသူတွေ့ခဲ့သည့်ဖြစ်ရပ်ကိုစဉ်းစားနေမိသည်။
သူ Jungwoo ကိုသူစတွေ့ကတည်းကသဘောကျခဲ့ခြင်းဖြစ်သည်။
ငယ်ရွယ်ပြီးထူးချွန်ထက်မြက်သော idol ဆိုရင်ဘယ် CEO မဆ်ိုသဘောကျ၍မြေတောင်မြှောက်ပေးချင်တာမဆန်းပေ။
ESTÁS LEYENDO
ကကြိုး
Fanficအကကို မြတ်နိုးသလို မင်းကိုလည်း မြတ်နိုးတယ်။ ငါ လှုပ်ရှားလိုက်တဲ့ ကကွက်တိုင်းက မင်းဆီ ဦးတည်တယ်။ မာယာများတဲ့ ကကြိုးတွေကို ခုန်မင်သလို မင်းရဲ့ အထိအတွေ့တွေကို ခုန်မင်တယ်။