ကကြိုး 3

467 64 0
                                    

ပထမဆုံးသူတို့ idol အဖြစ်အရွေးခံလိုက်ရတဲ့ WYH entertainment ဆီကိုကျွန်တော်ယုံကြည်ချက်ရှိစွာသွားနေပြီဖြစ်တယ်။

ကျွန်တော်eomma နဲ့အပေးအယူလုပ်ထားတာကြောင့် eomma ကလက်မခံချင်သော်လည်းလက်ခံခဲ့တယ်။

*flashback*

"Jungwoo ရယ် eomma စကားနားထောင်ပါလား? eomma ဆန္ဒကိုဖြည့်ဆည်းပေးပါလား?"

"ကျွန်တော် eomma စိတ်တိုင်းကျတစ်သက်လုံးနေခဲ့ပြီးပြီ အခုဒီကိစ္စကကျွန်တော်ဝါသနာမပါတဲ့ကိစ္စလေ ကျွန်တော်စိတ်မဝင်စားပဲဘယ်လိုမှဒီကျောင်းကိုတက်လို့ရမှာမဟုတ်ဖူး eomma တို့ဆန္ဒကိုတစ်သက်လုံးကဖြည့်ဆည်းပေးခဲ့တယ် ဒါပေမယ့် eomma တို့ကကျွန်တော်ဘာကိုလုပ်ချင်လဲ ဘာကိုစိတ်ဝင်စားတာလဲ ဘယ်လိုအောင်မြင်အောင်လုပ်မလဲ တစ်ချက်မေးလား? တစ်ချက်ကျွန်တော့်ဘက်ကိုငဲ့ကြည့်ပေးခဲ့ဖူးလို့လား??"

"အဲ့ဒါဆိုဒီလိုလုပ် သားပြောတဲ့အတိုင်းသားဘက်ကိုငဲ့ကြည့်ပေးမယ် ဒါပေမယ့်အပေးအယူတော့ရှိတယ်"

"ဘာအပေးအယူလဲ?"

" အခုသွားပြိုင်မယ့် WYH entertainment ကငြင်းလိုက်ရင်သား eomma ပြောတဲ့အတိုင်းဆေးကျောင်းတက်ပြီးဆရာဝန်လုပ်ရမယ်"

"...."

"လက်ခံလား?"

တစ်ခါမှအရွေးမခံခဲ့ရတဲ့အတွက်ကျွန်တော်နည်းနည်းတော့တုပ်လှုပ်မိတယ်။ အကယ်၍ကျွန်တော်အပယ်ခံလိုက်ရရင်ဆိုတဲ့အတွေးကြီးကခေါင်းထဲမှာနေရာအပြည့်ယူသွားတယ်။

"ဟုတ်"

လက်ခံလိုက်ရပေမယ့်စိတ်ထဲမှာမတင်မကျဖြစ်ခဲ့လို့ဘုရားပဲညတိုင်းတခဲ့ရတယ်။

Dance Practice တောင်ကောင်းကောင်းမလုပ်ခဲ့နိုင်ဘူး။

နောက်နေ့မနက်ရောက်တော့ eomma ကထပ်ပြောတယ်။ WYH entertainment ဆီကအရွေးခံရပြီးသူတို့ဆီကိုမသွားခင်တစ်ရက်အလိုမှာပေါ့...။

"သား ခဏထိုင်ဦး.."

"ဗျာ eomma"

"သား အဲ့ဒီ entertainment မှာအလုပ်လုပ်နေချိန်ကာလတစ်လျှောက်လုံးမှာရည်းစားမထားရဘူး"

"ဟုတ်"

"ပြီးရင်.."

eomma သူပြောမယ့်စကားကိုမနည်းထိန်းချုပ်ထားရပုံပဲ။ စကားကရပ်သွားပြီးဆန့်တငင်ငင်ဖြစ်နေတယ်။

ကကြိုး Donde viven las historias. Descúbrelo ahora