ယခုဆိုလျှင် WYH Entertainment တွင် Jungwoo အလုပ်လုပ်လာခဲ့သည်မှာ ၁ ပတ်ပြည့်လေပြီ။
CEO နှင့်ဖြစ်ပျက်ခဲ့သောအကြောင်းအရာများအားမေ့ထားကာလူရှေ့သူရှေ့တွင်တော့မသိချင်ယောင်ဆောင်နေတတ်သည်။
အလုပ်သဘောအရစကားခေါ်ပြောတတ်ပြီးလူမရှိလျှင်တော့နားမလည်နိုင်သည့်အကြည့်များဖြင့်အချင်းချင်းကြည့်နေမိကြတတ်သည်။
သို့သော်ကုန်ဆုံးခဲ့သောတစ်ပတ်အတွင်းထူးထူးခြားခြားဘာမှတော့ထပ်မဖြစ်ခဲ့။
ဤညဟာ Jungwoo အတွက်WYH Entertainment ၏တရားဝင် Idol အဖြစ်အသိအမှတ်ပြုခဲ့တာတစ်ပတ်ပြည့်သောညဖြစ်သည်။
Manager Kun နှင့်စကားစမြည်ပြောပြီး dorm အခန်းထဲသို့ Jungwoo ပြန်ဝင်လာသည်။
တစ်ယောက်အခန်းဖြစ်၍လွတ်လပ်လွန်းလှသည်။ ပျင်းရိစရာကောင်းကာစကားပြောဖော်မရှိသော်လည်းတစ်ခါတစ်လေစိတ်လွတ်ကိုယ်လွတ် လွတ်လွတ်လပ်လပ်နေနိုင်သည်။
ဤကဲ့သို့လွတ်လွတ်လပ်လပ်နေနိုင်သော Jungwoo အဖို့ကောင်းပေမယ်လို့တစ်ခါတစ်လေမကောင်းသည့်ကိစ္စများလည်းဖြစ်ပျက်တတ်သည်။
CEO နှင့်ဖြစ်ခဲ့သောညအား Jungwoo ပြန်စဉ်းစားရင်းစိတ်ထဲရှုပ်ထွေးလာတာနဲ့ရေချိုးခန်းထဲဝင်ကာရေမိုးချိုးလိုက်သည်။
Bath tub ထဲဇိမ်နှင့်ရေစိမ်ကာတစ်ရေးတောင်အိပ်ပျော်သွားသလားသူ့ကိုယ်သူသတိမထားမိခဲ့။
မွှေးကြိုင်သောဆပ်ပြာအမွှေးနံ့က Jungwoo တစ်ကိုယ်လုံးပျံ့နှံ့သွားသည်။
သန့်စင်သောရေများဖြင့်ဖြူစင်စွာဆေးကြောပြီးနောက်မှာတော့ရေချိုးခန်းထဲမှ Jungwoo ပြန်ထွက်လာသည်။
"ပြီးပြီလား...?"
ပြန်ထွက်လာသောအခါကုတင်ပေါ်တွင် Mask တပ်၍ထိုင်နေသူ CEO Lucas အားရုတ်တရက်တွေ့လိုက်ရ၍ Jungwoo ကြောက်လန့်ကာထအော်မိသည်။
"အား....!!!!"
ထိုင်နေရာမှ Mask ချွှတ်ကာ Lucas ထလာသည်။ အလုပ်လုပ်ရာ၌ဝတ်သလိုဝတ်ကောင်းစားလှမဟုတ်ပဲလွတ်လပ်ပေါ့ပါးသည့် Style ကြောင့် Jungwoo နှင့်ရွယ်တူလားတောင်ထင်ရသည်။
"ဘာမှတောင်မလုပ်ရသေးဘူး.... အော်နေပြီလား...?"
တံပတ်အဖြူလေးသာခါးပေါ်တွင်ပတ်ထားပြီး Naked ဖြစ်နေသာ Jungwoo နားတစ်ဖြည်းဖြည်းလျှောက်လှမ်းလာသည်။
ခေါင်းပေါ်တွင်တင်ထားသောတံပတ်အဖြူကြားထဲမှရေများဟာလည်း Jungwoo မျက်နှာဖွေးဖွေးပေါ်တစ်စက်စက်ကျနေသည်။
Jungwoo ကြောက်၍အနောက်ဆုတ်သွားသည်ကိုအခွင့်ကောင်းယူ၍ Lucas ရှေ့တိုးလာသည်။
"C-CEO..."
ကြောက်ရွံ့မှုကြောင့် Jungwoo အသံများတုန်ယင်နေသည်။
တစ်ဆတ်ဆတ်တုန်နေသော Jungwoo နှုတ်ခမ်းနုနုလေးအပေါ် Lucas နှုတ်ခမ်းထပ်ချလိုက်ကာအိပ်ရာပေါ်ပစ်တင်လိုက်သည်။
ခါးပေါ်မှပတ်ထားသောတံပတ်အဖြူလေးအားတစ်ဖြည်းဖြည်းချွတ်ကာ Jungwoo ၏ငယ်ပါဆီသို့လက်ရောက်လာပြီးပွတ်သပ်ဆော့ကစားတော့သည်။
ထို့နောက်အသင့်ဖြစ်နေသာသူ့ပစ္စည်းနှင့်......
"အားးးးးးးး!!!!!! မဖြစ်ဖူးးးးး!!!!!!"
Bath tub ထဲမှတရေးနိုးလာသော Jungwoo ထအော်တော့သည်။
*knock knock* "Jungwoo ဘာဖြစ်တာလဲ!?"
အပြင်မှ Manager ဖြစ်သူ Kun တစ်ယောက် Jungwoo အော်သံကြား၍စိတ်ပူကာလာမေးတော့မှအသည်းအသန်ဆပ်ပြာများဆေးချ၍ရေချိုးခန်းထဲမှ Jungwoo ထွက်လာရသည်။
တံပတ်ပတ်ကာအခန်းတံခါးဖွင့်ပေးတော့ Kun ဝင်လာသည်။
"ဘာဖြစ်တာလဲ Jungwoo? ရေချိုးခန်းထဲကချော်လဲလို့လား..?"
"ဟီး.. မဟုတ်ပါဘူးဗျ.. ယောင်ပြီးထအော်တာ.."
"အော်... အဲ့ဒါကြောင့်..."မဖြစ်ဖူး" လို့အော်တာပါကြားလိုက်တာကိုး..."
"ဟီး... ဟုတ် Hyung.."
"အိပ်မက်ဆိုးမက်လို့လား...? ရေလေးဘာလေးသောက်လိုက်ဦး.. မောနေမယ်..."
"ဗျ-ဗျာ...!?"
"မသိဘူးလေ... အိပ်မက်ဆိုးများမက်တာလားလို့.. အော်ရတာမောနေရင်ရေသောက်လိုက်လို့ပြောတာ.."
"ဗျာ!? အော်.. ဟို.. မမောပါဘူးဗျ.. အိပ်မက်ဆိုးလည်းမဟုတ်ပါဘူး... ဒီတိုင်း.."
"အော်... တော်သေးတာပေါ့.."
ဒီအဖြစ်အပျက်များအားစွဲ၍အိပ်မက်ထဲတောင်ထည့်မက်သည့် Jungwoo အဖို့တော့ဒါဟာအိပ်မက်ဆိုးဟုတ်ချင်မှဟုတ်ပေလိမ့်မည်။
အိပ်မက်ထဲကလိုတံပတ်အဖြူလေးခါးတွင်ပတ်၍ခေါင်းပေါ်တွင်လည်းတံပတ်အဖြူလေးတင်ထားသည်။ မျက်နှာပေါ်တွင်လည်းရေများစက်လက်ကျနေသည်။
သို့သော်အိပ်မက်ထဲက Lucas မဟုတ်ပဲအပြင်လက်တွေ့တွင်တော့ Kun ဖြစ်နေသည်။
###
TBC
•update every Thursday•

YOU ARE READING
ကကြိုး
Fanfictionအကကို မြတ်နိုးသလို မင်းကိုလည်း မြတ်နိုးတယ်။ ငါ လှုပ်ရှားလိုက်တဲ့ ကကွက်တိုင်းက မင်းဆီ ဦးတည်တယ်။ မာယာများတဲ့ ကကြိုးတွေကို ခုန်မင်သလို မင်းရဲ့ အထိအတွေ့တွေကို ခုန်မင်တယ်။