ကားရှေ့ အဖုံးပေါ်မှ Jungwoo ခုန်ဆင်းလာလိုက်ပြီး ကားထဲ တံခါးဖွင့်ဝင်သွားသည်။
"ကျစ်.."
Lucas စိတ်မကျေနပ်စွာ ကျန်ခဲ့ရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ကားထဲမှ သီချင်းသံခပ်အေးအေးဟာ Lucas နားထဲ စိမ့်ဝင်လာသည်။
ကောင်းကင်ပေါ်မှ မာယာများသော ကြယ်များကို မော့ကြည့်နေရာက ထိုသီချင်းသံအေးအေးကြောင့် Lucas အကြည့်များ အရှေ့မှ ကန်ရေပြင်အသေးလေးဆီ ရောက်သွားသည်။
Taeyeon ရဲ့ Rain ဆိုတဲ့ သီချင်းဟာ ကြယ်ရောက်ဟပ်နေတဲ့ ဒီရေပြင်ကျဉ်းလေးနဲ့ လိုက်ဖက်လွန်းလှသည်။
မိုးရွာနေခြင်းမရှိသော်လည်း သီချင်းကို ခံစားချက်အပြည့်နှင့် ခံစားနိုင်သည်။
အောက်ဆင်းကာ ကားထဲဝင်သွားချိန်မှာ ကားမှန်ကိုခေါင်းစောင်းမှီ၍ Jungwoo အိပ်မောကျနေသည်ကို တွေ့လိုက်ရသည်။
Taeyeon ရဲ့ဆွဲဆောင်မှုရှ်ိသော အသံအေးအေးဟာ တိတ်ဆိတ်သော ပတ်ဝန်းကျင်မှာ Jungwoo ကို အိပ်ပျော်သွားစေသည်။
"Dreaming in the...Rain.."
သီချင်းအဆုံးက စာသားလေးကို သံစဉ်မပါပဲ တီးတိုးဆိုလိုက်တဲ့ Taeyeon အသံဟာ နားထဲစွဲစေသည်။
Radio ကိုပိတ်လိုက်ပြီး Jungwoo ခေါင်းကို တည့်ပေးလိုက်သည်။
ကားစက်နှိုးကာ Dorm သို့ ဦးတည်မောင်းလာခဲ့သည်။
Jungwoo နေသော Dorm ရှေ့ရောက်ခါနီးတွင် မျက်လုံးလေးပွတ်ကာ နိုးလာသည်။
"နိုးပြီလား..."
"အာ... အိပ်ပျော်သွားတာလား..."
"တစ်လမ်းလုံး အိပ်လာတာလေ.."
"ဟုတ်လား.."
Dorm ရှေ့ရောက်တော့ ကားတံခါးကို အသာဖွင့်ကာ Jungwoo ဆင်းသွားသည်။
"သွားပြီ.."
Jungwoo နောက်ကျောကို ကားပေါ်မှ ကြည့်ရင်း Lucas တွေဝေစွာကျန်ခဲ့သည်။
ကားစက်ပြန်နှိုး၍ သူ့နေရပ်သို့သာ ဦးတည်မောင်းကာ ထွက်ခွာသွားတော့သည်။
"အာ...Jungwoo.. ဘယ်ကပြန်လာတာလဲ.. နောက်ကျလှချည်လား.."
"ဟိုနားဒီနားပါဗျ.."
YOU ARE READING
ကကြိုး
Fanfictionအကကို မြတ်နိုးသလို မင်းကိုလည်း မြတ်နိုးတယ်။ ငါ လှုပ်ရှားလိုက်တဲ့ ကကွက်တိုင်းက မင်းဆီ ဦးတည်တယ်။ မာယာများတဲ့ ကကြိုးတွေကို ခုန်မင်သလို မင်းရဲ့ အထိအတွေ့တွေကို ခုန်မင်တယ်။