ကကြိုး 10

408 43 0
                                    

လမိုက်ညမှာ ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်နေသည်။ အရာအားလုံး ဆိတ်ငြိမ်နေသော နေရာတွင် တီးတိုးစွာ ပြောဆိုနေကြသူမှာ Lucas နှင့် Jungwoo တို့နှစ်ယောက်သာ ရှိသည်။

Jungwoo ရဲ့ သေးသွယ်နုနွယ်သော လက်များကို Lucas သူ့လက်များဖြင့် အုပ်မိုးထားသည်။

ဝန်းကျင်တစ်ဝိုက် မှောင်မိုက်လွန်းလှသည်။ဆူညံသံမရှိ။ လူသံ၊ကားသံပင် မကြားရ။

နှစ်ယောက်လုံး ရောက်ရှိနေသော နေရာမှာ Seoul မြို့ပြင်ဘက် လူနေအိမ်နည်းသော နေရာတွင် ကန်ရေပြင်ကျယ်အား မျက်နှာပြုကာ ကားအရှေ့ဖုံးပေါ်တွင် ထိုင်နေကြခြင်းဖြစ်သည်။

Jungwoo လက်များ Lucas လက်ထဲတွင် နစ်မြုပ်နေသည်။ Lucas သူ့လက်များဖြင့် လွတ်ထွက်သွားမှာစိုးထိတ်သည့်အလား တင်းကြပ်စွာဆုပ်ကိုင်ထားသည်။

နှုတ်ဆိတ်နေသော Jungwoo မျက်နှာလေးကို မြတ်နိုးစွာ ကြည့်နေသော Lucas မျက်ဝန်းများထဲ အကြင်နာရိပ်သန်းနေသည်။

ချစ်လိုက်တာ Jungwoo ရယ်....

နှလုံးသားမှ ပွင့်ထွက်လာသော ရင်ဖွင့်စကားသံဟာ နှုတ်မှ ထွက်မလာ။

လည်ချောင်းဝမှ တစ်စို့နေသော အစို့အနစ်တစ်ခုကြောင့် မျိုသိ်ပ်လိုက်ရသည်။

Jungwoo သူ့ကိုတကယ်မချစ်ဘူးဟု တစ်ထစ်ချ မှတ်ယူထားသော စိုးရိမ်မှု အစိုင်အခဲသည် စကားမှန်သမျှကို ပိတ်ဆ်ို့နေတော့သည်။

ထိုနေ့ညက....

Jungwoo ကိုသူ့နားမှာ ယုံကြည်အားထားရသူတစ်ယောက်အဖြစ် ခေါ်ထားချင်သည်ဆိုသော ဆန္ဒမှာ တကယ်တော့ သူ Jungwoo ကိုချစ်၍ဖြစ်သည်။

Jungwoo ကိုချစ်လွန်းလို့ မျက်စိအောက်မှ အပျောက်မခံ အနားတွင် အချိန်ပြည့် ထားချင်ခဲ့သည်ပဲ ဖြစ်သည်။

Jungwoo လည်းလက်ခံခဲ့သည်။ ကိုယ့် CEO စကားကို မလွန်ဆန်ခဲ့။ ဖြည့်ဆည်းပေးချင်ခဲ့သည်။ သို့သော် အချစ် ဆိုသော အရာကိုတော့ Jungwoo နားမလည်ခဲ့။

ဘဝမှာ တစ်ခါမှမချစ်ဖူးလို့ အတွေ့အကြုံမရှိသော ကလေးသဖွယ် ကိုယ့်စိတ်ကို Jungwoo နားမလည်။

ကကြိုး Where stories live. Discover now