ပထမဆုံး WYH entertainment က dorm မှာစနေတဲ့ကျွန်တော့်ကို Manager Kun ကအစစအရာရာကူညီပေးခဲ့တာကြောင့်အဆင်ပြေခဲ့တယ်။
နေဖို့အခန်းကလည်းအဆင်ပြေသလိုအကတိုက်ဖို့အခန်းကလည်းကျယ်ပြီးသန့်ပြန့်လွန်းလှတာကိုကျွန်တော်တွေ့ခဲ့ရတယ်။
ကျွန်တော့် manager က Kun hyung ဖြစ်နေတာကိုပဲကံကောင်းတယ်လို့ကိုယ့်ကိုယ့်ကိုသတ်မှတ်ရမယ်။
သူကအရမ်းကိုသဘောကောင်းပြီးဖော်ရွေလွန်းလှတာကိုစတွေ့ကတည်းကသိလိုက်ရတယ်။
နန်းတော်လိုကျယ်ဝန်းပြီးအပြင်အဆင်တွေကခေတ်မီလွန်းလှတာကြောင့် WYH entertainment ဆိုရင်အပြင်ကနေကြည့်တာနဲ့တောင်အထဲကိုဝင်ချင်လွန်းတဲ့သူတွေတော်တော်များလှတယ်။
နောက်ဆုံးတော့လူတိုင်းဝင်ကြည့်ချင်နေကြတဲ့အဲ့ဒီထဲကိုကျွန်တော်ရောက်ခဲ့ပြီဆိုတာအခုထိအိပ်မက်လိုမယုံနိုင်သေးဘူး။
ငယ်ငယ်ကတည်းကဖြစ်ချင်ခဲ့တဲ့ Idol တစ်ယောက်ဖြစ်လာရတော့မှာပါလားဆိုတာကြီးကိုအခုထိအိပ်မက်မက်နေသေးသလိုပဲ။
ညတိုင်းမက်ခဲ့ရတဲ့အိပ်မက်ကြီးကအခုတော့အမှန်စင်စစ်ဖြစ်နေပြီဆိုတာကိုဒီထဲစဝင်ကတည်းကကိုယ့်လက်ကိုဆိတ်ပြီးစမ်းသပ်နေခဲ့မိတာ။
သဘောကောင်းလွန်းတဲ့ Manager နဲ့ချောလွန်းတဲ့ CEO ကိုတွေ့ခဲ့ရတာလည်းကျွန်တော့်ကံပဲလို့ပြောရမယ်။
သူများတွေတောင် TV ထဲမှာပဲမြင်ဖူးကြတဲ့ CEO Wong Yuk Hei ကိုအပြင်မှာအခုလိုမြင်နေရပြီဆိုတာကျွန်တော့်ကံတော်တော်ကောင်းလို့ပဲ။
"Jungwoo ရေ"
"Kun hyung လာလေ"
ရေချိုးခန်းထဲမှာအတွေးလွန်ပြီးထွက်လာလာချင်း Kun hyung ကအခန်းထဲဝင်လာဖို့ bell တီးပြီးခေါ်လို့ဝင်လာဖို့ပြောလိုက်တယ်။
"Jungwoo Dance practice.... အာ... sorry"
ဖြူဖွေးပြီးရေစိုနေတဲ့ Jungwoo ခန္ဓာကိုယ်လေးကိုရုတ်တရက်တွေ့လိုက်ရတဲ့ Kun ဟာတော့ ဂလုဆို တဲ့တံတွေးမျိုချသံကြီးကို Entertainment တစ်ခုလုံးကြားအောင်မျိုချလိုက်ပြီးအကြည့်လွှဲကာအခန်းထဲမှထွက်ရန်ပြင်တော့တယ်။
![](https://img.wattpad.com/cover/146313992-288-k639884.jpg)
VOCÊ ESTÁ LENDO
ကကြိုး
Fanficအကကို မြတ်နိုးသလို မင်းကိုလည်း မြတ်နိုးတယ်။ ငါ လှုပ်ရှားလိုက်တဲ့ ကကွက်တိုင်းက မင်းဆီ ဦးတည်တယ်။ မာယာများတဲ့ ကကြိုးတွေကို ခုန်မင်သလို မင်းရဲ့ အထိအတွေ့တွေကို ခုန်မင်တယ်။