Kun နှုတ်ခမ်းများသည် ပွင့်ဟနေသော Jungwoo နှုတ်ခမ်းများပေါ် ရောက်တော့မည်။
ပုခုံးကို ဖိကိုင်ထားသော လက်များကျင်လာသော်လည်း မလွှတ်။
ခါးများကို ယှက်သွယ်ထားသောလက်ချောင်းများကို ပိုဖိမိသည်။
စိုက်ကြည့်နေသော Jungwoo ၏ မျက်ဝန်းသည် မောပန်းမှုနှင့် ပြည့်နေသည်။
အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသော ဒီကကွက်တစ်ခုကြောင့် မောနေရသော်လည်း Kun မှာမကျေနပ်။
နီးကပ်လာသော နှုတ်ခမ်းနှစ်ခုအကွာအဝေးမှာ ထိကပ်ရန် သိပ်မလိုတော့။
ခဏပင်မကြာလိုက်။
Jungwoo ၏ နှုတ်ခမ်းနုနုများပေါ် ဖိကပ်ချလိုက်သည်။
ပုခုံးများကိုကိုင်ထား၍ Jungwoo မရုန်းနိုင်။
ခါးများကိုပါ ဖက်ထား၍ မောနေသော Jungwoo အဖို့ ပို၍ မောဟိုက်လာရသည်။
နောက်ဆုံးမခံနိုင်တော့ပဲ စုပ်ယူနေသော နှုတ်ခမ်းများပိုင်ရှင် Kun ကိုတွန်းလိုက်မိသည်။
"Hyung..."
မောနေသောကြောင့် အသက်ရှုသံများပင် မြန်နေသည်။
"Jungwoo... ကိုယ်မေးစရာရှိတယ်..."
"ကျွန်တော်လည်း မေးစရာရှိတယ်.. ဒါဘာလုပ်တာလဲ Hyung.."
"မနေ့ညက... မနေ့ညက.. ဘာလို့.. ဘာလို့ CEO နဲ့ ပြန်လာတာကို ကိုယ့်ကို ဟိုနားဒီနားဆိုပြီး လိမ်ရတာလဲ..."
"အဲ့ဒါ ကျွန်တော့်ကိစ္စပါ.."
Jungwoo ထရပ်လိုက်သည်။
ထိုင်ရက်မော့ကြည့်နေသော Kun ကိုစိတ်ပျက်စွာ ငုံ့ကြည့်မိသည်။
"မင်းကို ထိန်းနေရတာ ကိုယ်ပါ.. သူမဟုတ်ဘူး.. သူကမင်းကို အခွေပဲထုတ်ပေးနိုင်မယ်.. ကိုယ့်လို Manage မလုပ်နိုင်ဘူး.."
Jungwoo နားမလည်တော့။ ဘာလို့ Kun က CEO နဲ့နှိုင်းယှဉ်ပြောနေမှန်း နားမလည်တော့။
"Hyung ဘာကိုပြောချင်တာလဲ.."
Kun ထရပ်ပြီး Jungwoo နားသွားလိုက်သည်။
Jungwoo အနောက်မှ နံရံကို လက်နှစ်ဖက်ဖြင့်ထောက်လိုက်သောကြောင့် Kun လက်မောင်းကြား Jungwoo ရောက်သွားသည်။
أنت تقرأ
ကကြိုး
أدب الهواةအကကို မြတ်နိုးသလို မင်းကိုလည်း မြတ်နိုးတယ်။ ငါ လှုပ်ရှားလိုက်တဲ့ ကကွက်တိုင်းက မင်းဆီ ဦးတည်တယ်။ မာယာများတဲ့ ကကြိုးတွေကို ခုန်မင်သလို မင်းရဲ့ အထိအတွေ့တွေကို ခုန်မင်တယ်။