Ep 1

36.2K 1.5K 19
                                    

ခမ်းနားကြီးကျယ်လှသော အဆောက်အအုံကြီးအတွင်း ထွန်းလင်းတောက်ပသော မီးရောင်များနှင့်အတူ ဆူညံပျံ့ကျဲနေသော လူများ ............

ငြိမ့်ညောင်းလှသော တေးဂီတသံနောက် လိုက်ပါခံစားရင်း တဦးနှင့်တဦး အပြန်အလှန် မိတ်ဆက်သံများ နှုတ်ဆက်သံများက အစီအရီ.........

အဖိုးတန်လှသော ဝတ်ကောင်းစားလှများဖြင့် တလက်လက်တောက်ပနေသော လူများသည် အပြုံးကိုယ်စီဖြင့် ကတ္တီပါ ကော်ဇောပေါ်သို့ လျှောက်လှမ်းကြနေကြသလို ထိုသူတို့အား ကင်မရာ တဖျက်ဖျက်ဖြင့် မှတ်တမ်းတင်နေသော သတင်းထောက်တချို့တို့ဖြင့် စည်ကားလှသည်။

ကြီးမားသော အသိုင်းအဝိုင်းများသာတတ်ရောက်လာသည့် ထိုပွဲမှာ Korea ထိပ်တန်း ကျောက်မျက်ရတနာပြပွဲ ......

အရည်အသွေးမြင့် တန်ဖိုးကြီး ကျောက်မျိုးစုံအားခင်းကျင်းပြသထားသလို လာရောက်ကြည့်ရူ့ သူတို့ရဲ့ ပါးစပ်မှထွက်လာသည့်အရာများကလည်းး ကမ္ဘာကျော် Brand များအကြောင်းနှင့် ထိပ်သီး လုပ်ငန်းများအကြောင်းးး

" ဟယ် ... ဟိုမှာ လာပြီ "

အချင်းချင်းလက်တို့ကာ ပြောလိုက်ကြသော စုရုံးရုံး အသံများအပြင် အားလုံးရဲ့အကြည့်က ခန်းမထဲသို့ ဝင်လာသော လူငယ်တစ်ယောက်ဆီသို့ .........

အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံရသော ထိုလူငယ်သည် အနည်းငယ်မျှနေရခက်သည့်ပုံမပေါ်...... တည်ငြိမ်သော ခြေလှမ်းများဖြင့် ပေါ့ပါးစွာ လျှောက်လှမ်းလာလေသည်။

" ရောက်လာပြီလား "

" ဟုတ် ကျွန်တော် နောက်ကျသွားတယ် ဆောရီးပါ "

" မဟုတ်တာ.. အလုပ်များတဲ့ကြားက လာပေးလို့ ကျေးဇူးပါ "

ပြပွဲရဲ့ တာဝန်ခံဖြစ်သူက နှုတ်ဆက်လိုက်တော့ မရယ်မပြုံးမျက်နှာထားဖြင့် ပြန်လည်နှုတ်ဆက်လိုက်သည်။

ဝိုင်တခွက်အား ယူပြီး ခန်းမထဲ၌ပြသထားသော တန်ဖိုးကြီး ရတနာပစ္စည်းများအား လိုက်လံ ကြည့်ရှူ့နေသည်မှာ ပတ်ဝန်းကျင်ကို သိပ်အလေးမထားသလို............

" ဒီ ကျောက်စိမ်းက တော်တော် အရည်အသွေးကောင်းတာပဲနော် "

ဘေးနားမှာ လာပြောသော မိန်းကလေးအား တချက်ကြည့်ကာ မျက်နှာပြန်လွှဲရင်း

Complete (Completed)Where stories live. Discover now