Ep 3

11.1K 1.1K 38
                                    

အိမ် !
သူ့အတွက်တော့ ဘာခံစားချက်မှမရှိသောနေရာတစ်ခု …
လူတိုင်းအတွက် နွေးထွေးတဲ့ခိုလှုံရာ အိမ်လို့တင်စားကြရင်တောင် ခြွင်းချက်အနေဖြင့် သူ့အတွက်မဟုတ်ခဲ့ပါ ။
မေမေဆုံးပါးသွားသည့်နောက်ပိုင်းတွင် သူ့ရဲ့ခံစားချက်များသည်လည်း သေဆုံးသွားခဲ့သည်။ မေမေနေရာ့တွင် အစားထိုးခဲ့သော မစ္စချွဲသည် သူ့အတွက် မလိုချင်ခဲ့သော မောင်နှမ များကိုပါ ခေါ်ဆောင်လာခဲ့သည်။ မေမေ့ကိုသာ ပြန်ခေါ်ပေးပါဟု တဇွတ်ထိုးဆန်စွာ ဂျီကျချင်သော်လည်း ဖေဖေ့ရဲ့ ဂရုမစိုက်မှုတွေကိုကြိုသိထား၍ နေတတ်အောင် သူကြိုးစားခဲ့ပါသည်။

မစ္စချွဲ၏ သားမှာ သူ့ထက် နှစ် နှစ်ကြီးကာ သမီးကတော့ သူ့ထက် ငါးနှစ်ငယ်လေသည်။ သွေးမတော်သော အကိုဖြစ်သူ ချွဲဆော့ဂျင်ကတော့ အေးဆေးနေထိုင်တတ်သူဖြစ်ကာ သူ့အပေါ်တွင်လည်း ညီအရင်းတယောက်လို ဆက်ဆံပေးသည်။ သမီးဖြစ်သူ ချွဲဆိုရာ ကတော့ ဘာကြောင့်ရယ်မှန်းမသိ သူမအကိုရင်းဖြစ်သူထက် သူ့အား ပိုပြီး ဂျစ်တိုက်တတ်သည်။ ခပ်အေးအေးသာနေတတ်သူ သူ့အတွက်တော့ ချွဲဆိုရာသည် ကြီးမားသော အနှောင့်အယှက်ကြီးတခုဖြစ်သည်။

အိမ်တံခါးအား အသာတွန်းဖွင့်ဝင်လာခဲ့လိုက်သည်။ ဖေဖေအားမတွေ့ရသော်လည်း ဧည့်ခန်းထဲ၌ TV ကြည့်ရင်း သူအပြန်လာကိုစောင့်နေတာဟု အမြဲပြောတတ်သော ဆိုရာကို တွေ့လိုက်ရသည်။

" ကိုလေးပြန်လာပြီ "

" နောက်ကျနေပြီ အိပ်တော့လေ "

" ကိုလေးကိုစောင့်နေတာ "

" မစောင့်နဲ့လို့ငါပြောထားတယ်လေ "

မျက်နှာလေးညိုးကျသွားတာကို သူကောင်းကောင်းမြင်လိုက်ရသည်။ စိတ်မကောင်းဖြစ်မိပေ့မဲ့ မတတ်နိုင်၊ တကယ်ဆို သူတို့နှစ်ယောက်ဆက်ဆံရေးက အဲ့လောက် ရင်းနှီးတာမျိုးမှ မဟုတ်တာ !

တံခါးဖွင့်သံနဲ့အတူ ဝင်လာသူက ဆော့ဂျင် ။
ခါတိုင်းနေ့များတွင် စောစောရောက်တတ်ပေ့မဲ့ ဒီနေ့တော့ နောက်ကျတာထင်သည်။

" ထယ်ယောင်းတောင်ပြန်ရောက်နေပြီပဲ "

" ဟုတ် "

Complete (Completed)Where stories live. Discover now