Ep 16.1

8.6K 899 27
                                    

" မင်း ဘယ်လိုတွေလုပ်နေတာလဲ ကင်ထယ်ယောင်း "

" အဓိက က ရှယ်ယာဈေးငြိမ်ဖို့ပဲမလား "

" အဲ့လိုဖြစ်သွားပြီဆိုတာနဲ့ မင်းကတိကိုဖျက်လိုက်လို့ ရလား "

" ကတိဆိုတာထက် ဖေဖေတို့ အတင်းအကြပ်လက်ခံခိုင်းခဲ့တဲ့ စကားတွေပါ … ဒီလောက်ဖိအားပေးရရင် တော်သင့်ပြီလို့ထင်တယ် "

ဧည့်ခန်းထဲမှာ ဆွေးနွေးနေကြသည်ဆိုတာထက် ငြင်းခုံနေကြတာဆို ပိုမှန်လိမ့်မည်။ သူ့ဘက်မှ လက်ထပ်ပွဲအတွက် ငြင်းဆိုလိုက်သည့် ကိစ္စကို သူဌေးယွန်းမှတဆင့် ဖေဖေသိသွားခဲ့ခြင်းဖြစ်သည်။
စဉ်းစားထားပြီးသားမို့ ဘာမှတော့ မတုန်လှုပ်မိ။
ဒေါသထွက်နေသော ဖေဖေ့မျက်နှာကိုသာ အေးဆေးစွာ စိုက်ကြည့်ရင်း ပြောနေမိသည်။ ဖေဖေသည် ဒေါသထွက်ရင်တောင် မျက်နှာမှာ မဖော်ပြတတ်တဲ့လူစားမျိုးဖြစ်သည်။ ထိုသို့သောသူမျိုးအား အော်ဟစ်ရလောက်အောင်ထိ ဒေါသထွက်စေခဲ့သည့် သူ့လုပ်ရပ်သည် ပြင်းထန်ခဲ့သည်။

" နောက်ဆုံးတော့ သရုပ်မှန်က ပေါ်လာခဲ့တာပဲ "

ဘာမဆိုင် ညာမဆိုင်ဝင်ပြောလာသော မစ္စချွဲအား သူစူးရှစွာ စိုက်ကြည့်မိသည်။

" အစတည်းက ဆော့ဂျင် လေးကိုပဲ လုပ်ခိုင်းခဲ့ရမှာ … တော်လွန်းတယ် ထက်လွန်းတယ်ဆိုပြီး မြောက်စားမိတာမှားတာပဲ "

" သားအရင်းနဲ့ မယားပါသား အခွင့်အရေးတော့ တန်းတူဘယ်ရမလဲ "

သူ့စကားအဆုံးမှာ နီရဲသွားတဲ့ မစ္စချွဲမျက်နှာ ……

" ရှင့်သားက အတော်လေးမိုက်ရိုင်းနေပြီ …… ဟန်ဆောင်နေတဲ့ မျက်နှာဖုံးက ကွာကျသွားပြီ တွေ့တယ်မလား "

" ထယ်ယောင်း မိသားစုဝင်တွေအချင်းချင်းကို မရိုင်းနဲ့ "

" ဘာသွေးသားတွေများ တော်စပ်နေလို့ မိသားစုဖြစ်ရတာလဲ "

" မင်းသဘောနဲ့ မင်း လက်ထပ်ပွဲကိုငြင်းခဲ့တဲ့အတွက် မင်းတာဝန် မင်းယူပါ … ရွေးကောက်ပွဲက နောက်သုံးရက်ဆိုရောက်ပြီ , သူဌေးယွန်းနဲ့ ငါနဲ့ ထောက်ပံ့မှုမပါတဲ့ မင်းရဲ့ အခြေအနေကို စောင့်ကြည့်နေမယ် "

Complete (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ