" ထယ်ယောင်း "
ဒီနေ့ညသည်ထူးဆန်းသည်ဟု ဆိုရမည်။ ထယ်ယောင်းအိမ်ပြန်ချိန်တိုင်း တိတ်ဆိတ်နေတတ်သော အိမ်ကြီးသည် ယခုမူ မိသားစု အစုံအလင်ဖြင့် စည်ကားနေသည်။
နည်းနည်းထူးဆန်းသွားရုံမှအပ ဘာမှခံစားရသည်မဟုတ်သောကြောင့် အပေါ်သို့တတ်ရန်ပြင်စဉ် ဖေဖေဆီမှ ခေါ်သံထွက်လာခဲ့သည်။" ခဏလာပါအုံး ပြောစရာရှိလို့ "
" ဟုတ်ဖေဖေ "
" ဒီမှာ မိသားစုတွေအကုန်ထိုင်နေတာမြင်ရက်နဲ့ မသိချင်ယောင်ဆောင်သွားတာလား ထယ်ယောင်း "
မစ္စချွဲ၏ အပြောသည် ခပ်ငေါ့ငေါ့နိုင်လှသည်။သို့သော် သူမနှင့် စကားနိုင်လုချင်စိတ် ထယ်ယောင်းမှာမရှိ ……
" ဘာပြောမလို့လဲ ဖေဖေ "
" မနက်ဖြန် ဆိုရာလေးရဲ့မွေးနေ့ပွဲရှိတယ် အဲ့ဒါ ဒို့မိသားစုတွေအတူတူဆုံပြီး ညစာစားချင်တယ်ဆိုလို့ "
ပြီးခဲ့သော သူ့ရဲ့ ၂၄ နှစ်ပြည့်မွေးနေ့အားမေ့နေခဲ့သော ဖေဖေသည် မည်သို့မျှသွေးမတော်စပ်သော ဆိုရာမွေးနေ့ကို တရေးတယူဂရုစိုက်မှုကို မြင်ရသောအခါ လှိုက်ခနဲတတ်လာသော ဝမ်းနည်းစိတ်အား ကြိတ်မှိတ်ကာ ဖြေသိမ့်လိုက်ရသည်။
တကယ်ဆိုနာကျည်းပစ်ရမှာ ! မုန်းနေခဲ့ရမှာ !
သို့ပေ့မဲ့ ဖေဖေ့အပေါ်သူချစ်မြဲချစ်ဆဲဖြစ်ရုံသာမက လျစ်လျူရှုခံရတိုင်းလဲ ဝမ်းနည်းမိဆဲပဲဖြစ်သည်။" ဟုတ်ကဲ့ပါ ဖေဖေ ကျွန်တော်လာခဲ့ပါ့မယ် "
" ဆိုရာတို့က အိမ်ကနေတူတူသွားမှာ ကိုလေးရော "
" ရုံးခန်းကနေပဲလာခဲ့မယ် "
" တူတူသွားရအောင်လေ "
" သမီးရယ် မသွားချင်တဲ့သူကိုဇွတ်ပြောမနေနဲ့ သူက အမတ်လောင်းဆိုတော့ မေမေတို့နဲ့သွားရမှာ ရှက်နေလားမှမသိ "
" ထယ်ယောင်း မနက်ဖြန်တရက်တော့ ဖေဖေတို့ကိုအချိန်ပေး "
မစ္စချွဲစကားကြောင့် ဖေဖေပါ ဝင်ပြောလာသည်။
" ထယ်ယောင်းက တကယ်မအားလို့နေမှာပေါ့ … ဟိုမှာဆုံလဲဖြစ်တာပဲကို ,အရေးမကြီးတာကို အလုပ်မရှုပ်စမ်းနဲ့ ချွဲဆိုရာ "