Ep 14

7.5K 845 32
                                    

ညက အလွန်အမင်းသောက်လိုက်မိသော အရက်များကြောင့် နောက်ကျမှနိုးထခဲ့ရသလို ခေါင်းကလည်း တဆစ်ဆစ်ကိုက်ခဲလျက်ရှိသည်။ သို့သော် ထိုဝေဒနာသည် သူ့အတွက် ဘာမှမဖြစ်ဟန်ဖြင့် အိပ်ရာထခဲ့လိုက်သည်။
ရေချိုးသန့်စင်ပြီးနောက် အနည်းငယ်သက်သာလာသလိုရှိသော်လည်း သူအလုပ်လုပ်သော ကော်ဖီဆိုင်ရဲ့မန်နေဂျာကို ခွင့်ယူမည်ဟု Message ပို့လိုက်သည်။

ထယ့်ကိုမမြင်ရရင်မနေနိုင်သည့်စိတ်ကြောင့် အမြဲတွေ့ခွင့်ရမည့် ဒီကော်ဖီဆိုင်မှာအလုပ်လုပ်ခဲ့သည်။ ဘယ်လိုသော အကြောင်းမျိုးရှိနေပါစေ , သူအလုပ်မပျက်ဖူးခဲ့ ……

ယခုအချိန်မှာတော့ သူ့အတွက်အခက်ခဲဆုံးက ထိုကော်ဖီဆိုင်ကိုသွားဖို့ဖြစ်နေသည်။

စိတ်ညစ်ညစ်နှင့် ရေခဲသေတ္တာကို ဖွင့်ကာ ဆိုဂျူပုလင်းရှာလိုက်သည်။ခေါင်းကိုက်တာထက် ရင်ဘတ်ထဲက ဝေဒနာက ပိုဆိုးသည်မို့ အရက်သောက်ဖို့သာ သူတွေးမိသည်။ မနေ့ညက တပုလင်းမှမကျန်အောင် သောက်ထားသောကြောင့် ရေခဲသေတ္တာထဲမှာတော့ ရေသန့်ဘူးများသာ နေရာယူလျက်ရှိသည်။

ဆိုဖာပေါ်ကိုစိတ်ပျက်လက်ပျက်ထိုင်ချလိုက်ရင်းမနေ့ကအကြောင်းပြန်တွေးလိုက်မိသည်။

Flash Black

ဒီနေ့ညနေ ထယ်ကလဲ ယူစရာရှိ၍အိမ်ပြန်မယ်ဟုဆိုသောကြောင့် သူလဲ အိမ်သို့သာပြန်ခဲ့လိုက်သည်။ ပုံမှန်ဆို ထယ်က အိမ်မပြန်ဘဲ တိုက်ခန်းမှာဘဲအိပ်တော့တာဖြစ်သည်။ သူအလုပ်ကပြန်တိုင်း ထယ်နဲ့အတူတူ ထိုတိုက်ခန်းလေးတွင် ချစ်ခြင်းများဖြင့် အချိန်ကုန်ဆုံးကြသည်။ မကျဉ်းမကျယ်သော အခန်းလေးထဲတွင် လှပသော အချစ်များအား ပုံဖော်ကြသည်။ အမှတ်တရများ ချိတ်ဆွဲခဲ့ကြသည်။ ကတိစကားတို့ တည်မြဲစေခဲ့ကြသည်။ အဆုံးမရှိသော မေတ္တာတရားတို့ဖြင့် ချည်နှောင်ခဲ့ကြသည်။

ကြည်နူးဖွယ်ရာအတိပြီးသော သူ့နေ့ရက်တိုင်းကိုဖန်တီးပေးသူက ထယ် ပဲဖြစ်သည်။ သူရှေ့ဆို ဘာပြသနာရှိရှိ ပျော်ချင်ယောင်ဆောင်တတ်သော ထယ်သည် အခုဆိုရင် အမှန်တကယ်ပျော်ရွှင်တတ်နေပြီ သူထင်မိသည်။ ဆုံးဖြတ်ချက်တခုကို ပြတ်သားစွာချထားပုံရကာ စိတ်တို့ကို သူ့ဆီသာပုံအပ်ပေးထားခဲ့သည်မို့ သူ့အတွက်တော့ လိုအပ်တာထက်ကို ပြည့်စုံနေခဲ့သည်။သူအိမ်ပြန်နေသောလမ်းမှာ ဝင်လာခဲ့သောကို မကိုင်လိုက်ခင်အချိန်ထိပေါ့ ………

Complete (Completed)Donde viven las historias. Descúbrelo ahora