Ep 12

7.9K 890 21
                                    

လှိုင်းပုတ်သံများနှင့် လေတိုးသံသဲ့သဲ့မှလွှဲ၍ ပတ်ဝန်းကျင်သည် တိတ်ဆိတ်လျက်ရှိသည်။ ကုတင်ပေါ်မှာလဲလျောင်းပြီးနေ နေသော်လည်း အိပ်ချင်စိတ်ကအလျဉ်းမရှိ။ မနက်ရောက်မှာ ကြောက်လန့်စွာဖြင့် ညမအိပ်ဘဲနေနေသည်မှာ ဘယ်လိုတောင် ရူးလိုက်တဲ့အတွေးလဲ ?

ရင်ခွင်ထဲက ထယ် ကတော့ ငြိမ်သက်စွာ အိပ်နေလေပြီ။ စိတ်ညစ်စရာရှိရင်တောင် ခုလိုလေးမေ့ထားပြီး အမြဲအိပ်ပျော်အောင် အိပ်ပါ ထယ် ။ မျက်ခုံးတန်းတန်းလေးများအောက်က မျက်ဝန်းလှလှတွေကို မမြင်ရသည့်တိုင် မျက်တောင်စင်းစင်းလေးများဖြင့် ကြည့်ကောင်းလှသော ထယ့် အား မြတ်နိုးစွာ ကြည့်နေမိသည်။

တခါလောက်ချစ်ဖူးချင်တယ်ဆိုတဲ့ ကျွန်တော့်စကားကို ဖြည့်ဆည်းပေးခဲ့ပြီး ကျွန်တော်နာကျင်ရမှာဆိုးလို့ ဝှက်ကွယ်ထားတဲ့ အမှန်တရားတွေဟာ ဘာများလဲ ထယ် ?

အစတည်းကမှားခဲ့တာ ………
ဘယ်လောက်ပဲချစ်ခဲ့မိပါစေ , ထယ့်ကို ဖွင့်မပြောသင့်ခဲ့တာ !

မနက်ဖြန်ရောက်ရင်တော့ သေချာပေါက် အကြောင်းအရာတခုကိုသိရတော့မည်။ အဲ့အရာကပဲ ထယ်နဲ့သူ့ကိုဝေးသွားစေလိမ့်မည်။ ဘာကိစ္စမှန်းမသိသည့်တိုင် ကောင်းသော အကြောင်းအရာမဟုတ်မှန်း သူရိပ်စားသိရှိခဲ့ပါသည်။

ကြယ်ရောင်ပျောက်၍ မိုးသောက်ခါနီးသည့်တိုင်အောင် သူအိပ်မပျော်ခဲ့ပါ .. ထယ့်ကိုသာ ပိုလို့တိုးဖက်ထားရင်း ဒီအချိန်လေးအား ရပ်တန့်ပစ်ချင်ခဲ့သည်။

အချစ်ဆိုတာ ရုန်းမရအောင် ချည်နှောင်တတ်တဲ့ကြိုးတချောင်းပါလေ!

ထယ့်နဖူးလေးအား ညင်သာစွာငုံ့နမ်းလိုက်ရင်း ကမ်းလင့်ကြိုနေမဲ့မနက်ဖြန်အတွက် အားတင်းထားလိုက်တော့သည်။







" ဟင် ဂျုံးဂု အစောကြီးနိုးနေတယ် "

" အင်း ဆိုးလ်ပြန်ဖို့ နောက်ကျနေမှာဆိုးလို့ .. ဒီကအပြန် ရုံးတန်းသွားမှာမလား "

" အင်း "

ကော်ဖီဖျော်နေသော သူ့ဘေးနားသို့လာကာ လက်မောင်းကို မှီတွဲရင်း

Complete (Completed)Tempat cerita menjadi hidup. Temukan sekarang