Ep 15

7.9K 873 20
                                    

လေပြည်တွေသည် ချစ်သူဆီသို့မပို့ဆောင်ပေးနိုင်………
နေမင်းကြီးသည်လည်း မည်မျှထွန်းလင်းပေးစေကာမူ ချစ်ရသူကို ရှာမတွေ့ခဲ့ ………
အကြောင်းမဲ့စွာ အဆက်အသွယ်ဖြတ်သွားသောချစ်သူအတွက် မိုးစက်လေးများကတော့ သူနဲ့ထပ်တူ ငိုကြွေးပေးကြရှာသည်။
အလွမ်းရက်ပေါင်း မည်မျှတာရှည်ရအုံးမည်နည်း …………

စက်ပိတ်ထားသော ဖုန်းနံပါတ်တခုကို အကြိမ်ဖန်များစွာခေါ်ရင်း မျှော်လင့်ချက်တို့ကို တဖြည်းဖြည်းတိုက်စားခံခဲ့ရသည်။
အရမ်းချစ်တယ်လို့ဆိုခဲ့ပြီးမှ အခုချိန်မှာရှောင်ပုန်းနေတာဟာ မင်းအချစ်တွေပြောင်းလဲသွားတာကြောင့်လား …
အနေဝေးရင် သွေးအေးသတဲ့ချစ်သူ !
ငါ့ရဲ့အဝေးကို ကြာကြာမသွားပါနဲ့လား ။

မင်းပုံရိပ်တွေ အသက်ဝင်ခဲ့တဲ့ ကော်ဖီဆိုင်လေးလဲ ခြောက်ကပ်ခဲ့ပြီ ။
အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းလေးတွေလဲ အထီးကျန်လို့ ……
မင်းအိမ်ရှေ့မှာမိုးလင်းထိစောင့်ရင်း အိပ်ပျက်ညတွေလဲ ကျော်လွန်ခဲ့ရပြီ ………

အကြောင်းပြချက်လေးတခုတော့ ပေးခဲ့သင့်ပါတယ် ဂျုံးဂု !!!

မိုးစင်စင်လင်းလို့ နေရောင်ခြည် အားကောင်းစွာ အလင်းဖြာသည့်တိုင် အိပ်ရာထက်မှ ထဖို့စိတ်ကူးမရှိသေးပါ။
မဖြစ်နိုင်မှန်းသိသည့်တိုင် မျှော်နေသေးသည့် " Morning " ဆိုသော Message လေး …
ကလေးများလို လိုချင်တာမရလို့ အော်ငိုလိုက်ဖို့လဲ အခွင့်မရှိ။
တရွေ့ရွေ့နဲ့ အချိန်တွေကုန်ဆုံးလာတာ တပတ်ကျော်ခဲ့ပြီ ။

အခုလိုတယောက်တည်းကျန်နေခဲ့ရတာ ကိုယ်တကယ်အဆင်မပြေဘူး ဂျုံးဂု ..………

စိတ်သွားရာ ကိုယ်မပါနိုင်သလို … ကိုယ်သွားသည့်နေရာကိုလဲ စိတ်ကလိုက်မလာပါ။
လေးတွဲ့သော ခြေလှမ်းများဖြင့် ရုံးခန်းသို့သွားဖို့ ပြင်ဆင်နေမိသည်။
ထို့နောက် အသင့်စောင့်နေသော ကားပေါ်သို့တတ်ခဲ့လိုက်သည်။ ရုံးခန်းသို့မဝင်မီ အကျင့်ပါနေသော မျက်လုံးများက မျက်နှာချင်းဆိုင်မှ ကော်ဖီဆိုင်လေးထဲသို့ ဝေ့ဝဲကြည့်မိသည်။

ဝန်ထမ်းကောင်လေးတချို့၊ Customer အနည်းငယ် ဖြင့် ရှိနေသော ထိုဆိုင်လေး၏ မြင်ကွင်းသည် ပုံမှန်ဖြစ်ပေ့မဲ့ သူ့အတွက်တော့ ဝမ်းနည်းခြင်းပုံရိပ်တခု ။

Complete (Completed)Where stories live. Discover now